That Should Be Me (ep15)

70 5 0
                                    

''ပျိုသမီးဘယ်လဲဒီကိုခနလာအုန်း''ပျိုအပြင်သွားမလို့အိမ်ရှေ့ကိုထွက်လာကာမှဒယ်ဒီကသူမအားဧည့်ခန်းထဲကနေလှမ်းခေါ်လိုက်တာကြောင့်ဧည့်ခန်းထဲသိူ့ရောက်လာခဲ့လေသည်။''ဒယ်ဒီသမီးကိုပြောစရာရှိလို့လား''

''အေးဒယ်ဒီသူငယ်ချင်းကနောက်လကျရင်သမီးကိုလာရောက်တောင်းရမ်းတော့မယ်တဲ့''

''ဒယ်ဒီသမီးလက်မခံ''ဦးပျိုနှိုင်းလက်ကာပြကာ''နေပါအုန်းသမီးရယ်သမီးလက်ခံမှာပါကွာ..ဒယ်ဒီကိုကိုသာလွန်သူကပြန်ပြောလာတယ်သူ့သားကြီးကလက်မခံဘူးတဲ့အဲတော့ဒယ်ဒီကိုပြန်ပြောလိုက်တယ်သူ့သားငယ်နဲ့သမီးကိုသဘောတူဖို့ပြောလာတယ်ဒယ်ဒီကလည်းကိုသာလွန်သူသားတွေနဲ့ဆိုသဘောတူပြီးသားဘဲနောက်တနေ့ကျတော့သူဒယ်ဒီရုံးခန်းကိုလာခဲ့တယ်သူ့သားငယ်ပုံကိုဒယ်ဒီကိုပြတော့သမီးချစ်သူမြတ်လွန်းဆက်ဖြစ်နေတာဗျ.သမီးနဲ့မြတ်လွန်းဆက်ကသိခဲ့ကြတာဘဲလေ...ဒယ်ဒီဘက်ကတော့ဘာမှပြောစရာမရှိဘူး...သမီးဒီကိစ္စကိုလက်ခံတယ်မလား''

ပျိုခနတာတွေ၀ေသွားလေသည်။

''သမီးဒီကိစ္စကိုလက်မခံလို့မရဘူးနော်နောက်လဆိုကိုသာလွန်သူတို့စေ့စပ်ပွဲလုပ်တော့မှာ...''

ပျိုရင်ထဲမှာဘာလိုလိုနဲ့၀မ်းနည်းလာခဲ့လေသည်။ဘာကြောင့်ရယ်မှန်းမသိစိတ်ထဲမှာလည်းသူ့ကိုဆုံးရှုံးရမှာကြောက်လာခဲ့သည်။

''ဟုတ်ကဲ့ဒယ်ဒီကိုထက်လွန်းရောပျိုအပြင်သွားစရာရှိလို့''

''ခနကကားဆေးနေတာတွေ့သေးတယ်သမီးဟိုဘက်အိမ်မှာသွားခေါ်ကြည့်လေ''

''ဟုတ်ကဲ့''ပျိုတဖက်အိမ်ကိုထွက်လာရင်းသူ့အခန်းရှေ့ရောက်တော့တံခါးခေါက်လိုက်လေသည်။

မင်းဆက်ကားရေဆေးပြီးတော့ကိုယ်တစ်ခုလုံးစိုသွားတာကြောင့်ရေမိုးချိုးဖို့အခန်းထဲ၀င်လာခဲ့လေသည်။ရေမိုးချိုးပြီးထွက်လာတော့အခန်းပြင်မှာတံခါးခေါက်သံကြားရတော့တံခါးသွားဖွင့်ပေးလိုက်တော့သူမဟာမျက်ရည်များနဲ့သူ့အားမော့ကြည့်ပြီးပြေးဖက်လာလေသည်။

''အင့်..ဟင့်...ဟင့်...ကိုကြီး''မင်းဆက်သူမငိုနေတာကြောင့်စိုးရိမ်သွားကာသူမအား''ပျိုဘာဖြစ်တာလဲကို့ကိုပြောပြပါကိုရင်တွေပူလွန်းလို့''

That Should Be Me (or) မြတ်နိုးရသောငွေကြယ်လေး(S6)Where stories live. Discover now