မြတ်လွန်းသူမအတွက်မုန့်တွေ၀ယ်ပြီးကော်ရစ်တာအတိုင်းလျှောက်လာခဲ့ရာစပ်စုတာလည်းမဟုတ်ပေမယ့်အခန်းတံခါးကပွင့်နေတာကြောင့်မတော်တဆလှမ်းပြီးကြည့်လိုက်မိလေသည်။
''သားသားကနိိုးနေပြီးလားတီတီလေးမုန့်၀ယ်လာတယ်ကြည့်ပါအုန်း''ခနကစတိုးဆိုင်နားမှာတိုက်မိတဲ့အမကြီးပါလားသူ့မှာသားလေးရှိနေတာလား..တွေးနေရင်းရင်ထဲမှာတင်းကြပ်လာခဲ့လေသည်။
ဆက်ပြီးမကြည့်ချင်တော့တာနဲ့ပျို့အခန်းဆီသို့လျင်မြန်စွာလျှောက်လှမ်းလာခဲ့လေသည်။မြခနကတံခါးနားမှာလူရိပ်လိုလိုတွေ့တာကြောင့်အပြင်သို့ထွက်ကြည့်တော့မည်သူ့ကိုမှမတွေ့ခဲ့ပေ။
''သမီးနေရထိုင်ရတာသက်သာရဲ့လား''ပျိုကိုမာမီစိုးရိမ်သောလေသံနဲ့မေးနေတာကြောင့်ပျိုပြုံးပြလိုက်ပြီး''ပျိုသက်သာပါတယ်မာမီ''
''သမီးဒယ်ဒီကသမီးမမကိုကယ်ဆယ်ရေးအဖွဲ့နဲ့သွားရှာနေလေရဲ့''
''မမပျိုမေထားကပျောက်နေတာ၁၀ကျော်ပြီးမဟုတ်လားဒယ်ဒီဘာလို့လက်မလျော့သေးတာလဲ''
''အဲဒါမာမီလည်းပြောတာဘဲသမီးရယ်သမီးဒယ်ဒီကသမီးသိတဲ့အတိုင်းဘဲခေါင်းမာတဲ့လူတစ်ယောက်ပြောလို့ကိုမရဘူးသမီးအမကိုမတွေ့တွေ့အောင်ရှာမယ်ဘဲလုပ်နေတာ''ဒယ်ဒီခေါင်းမာလို့ပျိုမချစ်တဲ့မြတ်လွန်းဆက်နဲ့စေ့စပ်ခဲ့ရတာကိုမာမီထည့်တွေးပါအုန်းဟုသာစိတ်ထဲကပြောနေမိသည်။
ချပ်!!!
''အန်တီခင်ရောက်နေတာကိုးပျိုနိုးလာပြီးလားကျနော်ပျို့အတွက်မုန့်တွေ၀ယ်လာပေးတယ်''
''မောင်မြတ်လွန်းရောက်လာတာနဲ့အတော်အန်တီအပြင်သွားစရာရှိလို့သားဘဲသမီးပျိုကိုစောင့်ပေးပါအုန်းကွယ်''မြတ်လွန်းပစ္စည်းတွေနေရာချရင်း''ဟုတ်ကဲ့အန်တီခင်စိတ်ချလက်ချသွားပါကျနော်ပျို့ကိုကြည့်ထားပေးပါ့မယ်''မြတ်လွန်းသူမထိုင်နေသောကုတင်ဘေးနားမှာခုံပေါ်မှာ၀င်ထိုင်ရင်းမုန့်ထုပ်တွေကိုသူမဆီသို့ပေးလိုက်ရင်း''ပျို..ဒီမှာနင်ကြိုက်တတ်တဲ့မုန့်တွေ၀ယ်ခဲ့တယ်''
ပျိုမု့န်ထုပ်တွေကိုတစ်ချက်ကြည့်ပြီး''ကျမအတွက်ဘာလို့တကူးတက၀ယ်နေရတာလဲ..''
YOU ARE READING
That Should Be Me (or) မြတ်နိုးရသောငွေကြယ်လေး(S6)
Fanfictionမုသားကြွယ်တဲ့ချစ်လက်ာ၏Season6ပါဗျ မြတ်နိုးရသောငွေကြယ်လေးရေ...ချစ်ခဲ့မိတဲ့အခိုက်တန့်မှာပျော်ရွှင်ခဲ့ရတယ်...ပြန်မဆုံနိုင်တော့တဲ့ဘ၀မှာမင်းလေးပျော်အောင်သာနေပါတော့ကလေးရေ... (သခင့်မင်းဆက်) ဘေးနားမှာထာ၀ရမရှိပေးနိုင်တော့ဘူးဆိုရင်တောင်သူ့နှလုံးသားရဲ့တစ်ထောင်...