That Should Be Me (ep20)

63 4 0
                                    

ဒီနေ့မြတ်လွန်းဆက်နဲ့ပျိုမြတ်ခင်နှိုင်းတို့၏စေ့စပ်ကြောင်းလှမ်းမည့်နေ့လေးပင်

''ကိုပျိုနှိုင်းမောင်ရဲ့သမီးလေးနဲ့သားမြတ်လွန်းနဲ့ချစ်သူတွေဆိုတော့အဆင်ပြေသွားပြီးပေါ့ဗျာ..''

''ပျို...''ပျိုလေးလံစွာနဲ့မြတ်လွန်းအားမော့ကြည့်လာသည်။

''ပျိုစိတ်တိုင်းကျမဂ်လာပွဲနေရာကိုပြောနော်ကိုဖြစ်အောင်လုပ်ပေးမယ်''

''ကိုသာလွန်သားကြီးကရောမတွေ့ပါလားသူမပါလာဘူးလား''ဒေါ်ခင်ခင်မြတ်ကသမီးဖြစ်သူမျက်နှာကိုကြည့်ပြီးမေးလိုက်လေသည်။

ဒေါ်ပန်းတော်ဆက်တစ်ယောက်အားနာဟန်နံ့ရယ်ပြရင်း''အဟင်း..သားမင်းဆက်ကအလုပ်တွေရှုပ်နေတာဆိုတော့မလာအားဘူးလေ...ဒါကြောင့်မတွေ့တာပါ...''မြတ်လွန်းမင်းဆက်ကိုလွန်ခဲ့တဲ့၂ရက်ကဘဲနေရာအနှံ့လိုက်ရှာခဲ့ပေမယ့်အကိုဖြစ်သူကိုတော့မတွေ့ရတော့ချေ။ဒီစေ့စပ်ပွဲမှာပျိုစိတ်မပါမှန်းသိတာကြောင့်မလုပ်တော့ဘူးဟုဖခင်အားပြောပေမယ့်လက်မခံဘဲစေ့စပ်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်ခဲ့သည်။

စားပွဲပေါ်မှာတင်ထားသောအုန်းပွဲငှက်ပျောပွဲကိုစိုက်ကြည့်နေသာသမီးလေးဟာဒီနေ့တစ်နေ့လုံးဘာစကားမှမပြောခဲ့ပေ။မြတ်လွန်းသူမလက်ကိုဆုတ်ကိုင်တော့သူမဆီကမကြိုက်သောပုံစံနဲ့လက်ကိုတွန်းထုတ်လိုက်လေသည်။ဒါကိုမြင်သောဦးသာလွန်သူကသားဖြစ်သူအားခနတာစိုက်ကြည့်ပြီးနောက်''ကိုပျိုနှိုင်းမောင်ရဲ့သူမလေးသတင်းကြားရပြီးလားဗျ''

''မကြားရသေးပါဘူးကိုသာလွန်ရာကျနော်တောအနှံ့ကိုလိုက်ရှာဖို့ပြောထားတယ်အခုထိရှာလို့မတွေ့သေးဘူး..သူမလေးအသက်ရှင်နေသေးမယ်ဆိုတာကျနော်သိတယ်...''

''အေးဗျာ..ကျနော်လည်းခဗျားသူမလေးကိုအမြန်ဆုံးရှာတွေ့ပါစေလို့ဆုတောင်းပေးပါတယ်ဗျာ...''

''ကျနော်တို့လူကြီးတွေစုံပြီးဆိုတော့စေ့စပ်ပွဲကိုလုပ်ကြရအောင်ကိုသာလွန်''

''ကောင်းပြီးဗျာ...''ဒီလိုနဲ့မြတ်လွန်းနဲ့ပျိုတို့စေ့စပ်ပွဲကိုအောင်မြင်စွာပြီးဆုံးသွားလေသည်။လက်ထပ်ပွဲကတော့နောက်နှစ်ပျိုကျောင်းပြီးမှဘဲလုပ်ဖြစ်မယ်တဲ့...ပျိုကျောင်းပြီးဖို့၃လဘဲကျန်တော့သည်လေ...ကိုကြီးရယ်ပျိုကိုလာကြည့်လှည့်ပါအုန်းပျိုအရမ်းနာကျင်နေရပြီး...

That Should Be Me (or) မြတ်နိုးရသောငွေကြယ်လေး(S6)Where stories live. Discover now