part1

2.1K 28 0
                                    

ချစ်ရပါသော

အပိုင်း၁

"အား..ရောက်ပြီ.."
စိမ်းတစ်ယောက်ရေစက်လက်ကျနေသောထီးကိုခေါက်ပြီးဆိုင်အတွင်းသို့ဝင်လာခဲ့သည်။
မိုးရာသီစိုထိုင်းထိုင်းမှာအပြင်ထွက်ရတာကမကောင်း
အရာအားလုံးစိုစွတ်နေပြီးစိတ်ရှုပ်ဖို့ကောင်းနေပေမယ့်စိမ်းဒီနေ့တော့ပျော်ရွှင်နေမိ၏။
သူမ့၏အချစ်ဆုံးသူတစ်ယောက်နှင့်ပြန်လည်တွေ့ဆုံမည်ဖြစ်သောကြောင့်သာ။

ဝိုင်းနံပါတ်ငါး၌ထိုင်နေသောပန်းရောင်ဝမ်းဆက်နှင့်အမျိုးသမီးကစိမ်းကိုလှမ်းပြီးလက်ပြကာအနားကိုလာဖို့ခေါ်လေ၏။

"စိမ်း..ဒီမယ်.."
စိမ်းသူ့ကိုမြင်ပြီးသွားအကုန်လုံးပေါ်တဲ့အထိအောင်ရယ်လိုက်မိသည်။
သူမကမပြောင်းလဲသေးဘူးပဲ။
အရင်လိုတက်ကြွလန်းဆန်းနေသည့်ခေတ်ဆန်ဆန်အမျိုးသမီးတစ်ယောက်။

ဂျက်စီကာ၏ခင်ပွန်းဖြစ်သူကိုတေဇနှင့်
နိုင်ငံခြားထွက်သွားတာနှစ်နှစ်ကျော်လောက်ရှိပြီး
အခု့မှပြန်ရောက်ခဲ့ခြင်းဖြစ်သည်။
အကြောင်းကားဂျက်စီကာ၏ချစ်လှစွာသောခင်ပွန်းသည်အသားဖြူဖြူအရပ်ရှည်ရှည်အင်္ဂလိပ်မလေးတွေ
ကြောင့်ဒီကမြန်မာမလေးကိုမေ့သွားခဲ့သည်။

ဂျက်စီကာသည်လည်းရှမ်းတရုတ်ကပြားမို့အသားကတော့ဖြူပါသည်။ကိုတေဇဘာအကြောင်းများကြောင့်ဂျက်စီကာကိုအပေါ်ဖောက်ပြန်တာလည်းနားမလည်နိုင်။

"စိမ်း.."
ဂျက်စီကာပြေးလာပြီးသူမကိုအားပါးတရဖက်လိုက်လေသည်။
"ဂျက်ဂျက်.."
စိမ်းသူမ၏ငယ်နာမည်ကိုခေါ်လိုက်ခြင်းဖြစ်သည်။
ဂျက်စီကာငယ်ကတည်းကချစ်စနိုးနှင့်ဂျက်ဂျက်လို့ခေါ်လာခဲ့တာထိုနာမည်ပဲပါးစပ်ထဲဆွဲနေပြီ။

ဂျက်စီကာဖက်တာကိုဖြုတ်လိုက်ပြီးစိမ်းကိုကြည့်လိုက်သည်။
"ငါ့အချစ်လေးကရုပ်တောင်မပြောင်းဘူးတော့..နုပျိုနေတာပဲ.."
ဂျက်စီကာစိမ်း၏ပါးတစ်ဖက်ကိုအားရပါးရဆွဲလိုက်တော့စိမ်းတစ်ယောက်မျက်စောင်းထိုးလေ၏။

"ဘယ်ပြောင်းမလဲ..အခု့မှ၃၀စွန်းစွန်းလေးပဲရှိသေးတာပါ..ဟွန်း..လူကိုဇွတ်အိုခိုင်းနေပြီ.."
စိမ်း၏ရန်လုပ်မှု့ကိုဂျက်ဂျက်ဟားတိုက်ရယ်လိုက်မိသည်။

ချစ်ရပါသောWhere stories live. Discover now