ချစ်ရပါသော
အပိုင်း၁၆
"မ..ညနေ့ကျမောင်လာကြိုမယ်နော်.."
"မာန်..ဒါရုံးရှေ့နော်.."
စိမ်းကိုအာပြဲကြီးနဲ့အော်ပြောသောကြောင့်စိမ်းမျက်စောင်းထိုးလိုက်မိသည်။
"ဟား..ဟား..မကသိပ်ကြောက်တတ်တာပဲ..ကဲပါ..ကျွန်တော်သွားတော့မယ်..ညနေကျစောင့်နေမယ်မလား.."
"မစောင့်ပါဘူး..ဟွန်း.."စိမ်းနှာခေါင်းရှုံ့ပြီးထွက်သွားလေရာနောက်ကန်တဲ့သူကတော့ပါးစပ်ပြဲကြီးနဲ့ရယ်မိလေ၏။
စိမ်းထိုကောင်လေးကိုစိတ်ညစ်ပါတယ်။
အိမ်ပြန်ဆိုတော့လည်းမပြန်ပဲအတင်းတွယ်ကပ်နေတာသူနဲ့တော့ဒီလိုပုံတိုင်းဆိုသူဒီတစ်သက်မိန်းမရတော့မယ်မထင်ဘူး။
စိမ်းတစ်ခုခု့စီစဥ်ပေးမှရတော့မယ်။
........
"🎶🎶🎶🎶🎶🎶🎶🎶🎶"
မဘက်ကဖုန်းအရင်ဆက်တာကြောင့်မာန်အားပါးတရနဲ့ကိုင်လိုက်သည်။
"ဟယ်လိုမ...ဖုန်းတွေဘာတွေခေါ်လို့ပါလား.မောင်ကိုသတိရစိတ်တွေမထိန်းနိုင်တော့ဘူးပေါ့""မာန်..စကားအကောင်းပြောမလို့နော်"
စိမ်းမာန်ပါပါငေါက်လိုက်တော့မာန်ငြိမ်သွားသည်။
"ဟုတ်..."
"ညနေကျ..မတို့အပြင်သွားစားရအောင်.."
"အော်..ကျွန်တော်သိပြီ..မကစကားအကောင်းပြောမယ်ဆိုပြီးကျွန်တော်နဲ့အတူစားချင်နေတာကို.."
"မာန်..အတည်ပြောနေတာနော်..မနောက်စမ်းနဲ့
မင်းမစားချင်လဲနေပေါ့မစားတော့ဘူး..""အို..ခဏလေးပါ..မကလည်းစားမှာပေါ့..မနဲ့ညစာတူတူစားရတာဘယ်လောက်တောင်ပျော်ဖို့ကောင်းလိုက်လဲ..ညနေကျမောင်လာခေါ်မယ်.."
"လာမခေါ်နဲ့ဆိုင်မှာပဲ..မမစောင့်နေမယ်..မင်းသာလာခဲ့လိုက်..."
"အော်..ဟုတ်ကဲ့ပါ.."
"ဒါပဲနော်...ဖုန်းချလိုက်ပြီ.."
"အင်း.."မာန်ဖုန်းကိုပိတ်လိုက်ပြီးပြုံးလိုက်သည်။
"ဟဲ့ကောင်.."
"အာ..လန့်တာ..မောင်လေပြေရာ.."
"ဘယ်သူနဲ့စကားပြောပြီးပြုံးနေတာတုန်း..ငါလာတာကိုတောင်သတိမထားမိဘူး.."
"မပေါ့..သူကညနေကျမုန့်အပြင်ထွက်စားမယ်တဲ့."
"ဟုတ်လား..မင်းတို့တော်တော်အဆင်ပြေနေတယ်ပေါ့..."
"ပြေတယ်ဆိုတော့လည်းမဟုတ်ဘူး..မကဘယ်လိုပြောရမလဲ..ထပ်ချစ်ဖို့အဆင်သင့်မဖြစ်သေးဘူး..နောက်ပြီးငါ့ကိုမောင်လေးတစ်ယောက်လိုပဲသဘောထားနေသေးတယ်.."
"ဒါဆို..မင်းဟာကအဆင်ပြေပါ့တော့မလား..မင်းမမကမင်းနဲ့ငယ်ကတည်းကသိလာတာဆိုတော့မောင်လေးဆိုတဲ့စိတ်ကြီးကစွဲနေပြီ.."
"ဟုတ်တယ်ကွာ..ငါလည်းသူ့နှလုံးသားအရည်ပျော်အောင်ကြိုးစားနေတာပဲ..တစ်နေ့ကျရင်တော့သူအချစ်တွေငါပိုင်မယ်ဆိုတာသိတယ်.."
"အရည်မပျော်လာရင်ကော..ဘာလုပ်မှာလဲ.."
"ကတုံးတုံးပြီးဘုန်းကြီးဝတ်မယ်ကွာ..မကလွဲပြီးငါဘယ်သူမှမချစ်နိုင်ဘူး...
"မင်းပြောတာနော်..တကယ်ဟုတ်ပါစေ.."
"အင်း..ဒါနဲ့မနေ့ကအမှု့ဘယ်လို့ဖြစ်သွားလဲ..ရှုံးသွားတယ်မလား.."
"အမယ်..မင်းရှုံးဖူးတိုင်းငါ့ကိုရှုံးမယ်ထင်နေလား..ငါက၁၀၀%ပြည့်နိုင်တဲ့ရှေ့နေပါနော်...မရှုံးဘူးကွ..နိုင်တယ်.."
"ငါတစ်ခါရှုံးဖူးတော့နိုင်ကွက်တွေ့သွားတယ်ပေါ့..ကြည့်ပါဦးမယ်.မင်းလည်းဘယ်နေ့ရှုံးမလဲမသိဘူး..အဲ့နေ့ကျပါတီကြီးလုပ်ပြီးတစ်ရုံးလုံးကိုကျွေးပစ်မယ်"
"အဲ့နေ့ဘယ်တော့မှမရှိလာဘူး..ငါ့ကောင်..စဥ်းစားမနေနဲ့.."
"မဖြစ်နိုင်ဘူးဆိုလည်းမရှိဘူး..ငါ့ကောင်..တွေးပူထားဦး.."
YOU ARE READING
ချစ်ရပါသော
Romanceစိမ်း-အမျိုးသမီးဇာတ်လိုက် -လက်ဝတ်ရတနာဒီဇိုင်းနာ -ထိပ်တန်းလက်ဝတ်ရတနာဆိုင်DEAR၏တစ်ဦးတည်းသောပိုင်ရှင် -အိမ်ထောင်ရှိအမျိုးသမီးတစ်ဦး။ -ငယ်စဥ်ကတည်းကမိဘနှစ်ယောက်လုံးဆုံးရှုံးလိုက်ရပြီးDAERရတနာဆိုင်ပိုင်ရှင်သူဋ္ဌေးမကြီးကမွေးစားလိုက်ကာအမွေဆက်ခံလိုက်ရသည်။ ...