ချစ်ရပါသော
အပိုင်း၁၈
"ေဒါက်..ဒေါက်..ဒေါက်..မ.နိုးပြီလား..ခဏနေ..သွားတော့မှာနော်.."
စိမ်းအခန်းထဲတွင်အဆင်သင့်ဖြစ်ပြီးသား။
ဒီနေ့မာန်တို့မိဘစီအလည်ပြန်မည်ဖြစ်သည်။
ထိုမနက်စောစောထပြီးအဝတ်အစားတွေကိုထုပ်ပိုးပြီးသား။"ပြီးပြီ..မာန်.."
စိမ်းအိတ်ကိုဆွဲပြီးအပြင်ကိုထွက်လာခဲ့သည်။
"မနက်စာစားဖို့မောင်ပြင်ပေးထားတယ်.."
"အင်း.."စိမ်းနှင့်သူမမနက်စာစားကြပြီးနောက်ကားနှင့်ဂျက်စီကိုခေါ်ဖို့ထွက်လာခဲ့သည်။
အိမ်ရောက်သည်နှင့်စိမ်းကြီးကြီးစီခဏဝင်သည်။မာန်နဲ့ဂျက်စီကတော့ကားပေါ်တွင်အတူစောင့်နေလေ၏။"မီမီ..လာ.."
စိမ်းလက်ထဲတွင်အိတ်တစ်ထုတ်ကိုဆွဲလာခဲ့သည်။သူမနောက်တွင်မီမီကျော်စလင်းဘက်အိတ်ကိုလွယ်ပြီးအေးဆေးလျှောက်လာနေသည်။
"မ.."
မာန်လေးပင်နေသောအိတ်ကိုတရွေ့ရွေ့သယ်လာသည့်သူမစီပြေးသွားခဲ့သည်။"ပေး..မောင်သယ်ပေးမယ်.."
"ကျေးဇူးပဲ.."
မီမီမောင်ဆိုသည့်ပြောသံကိုမသိမသာလေးကြားလိုက်ရသည်။အထင်လွှဲတာပဲနေမှာပါ။"ဂျက်ဂျက်..မီမီကို့ပါခေါ်သွားရအောင်.အဖော်ရတာပေါ့.."
ဂျက်စီမခေါ်ချင်ပေမယ့်လည်းစိမ်းမျက်နှာကရှိသေး။
ထိုမိန်းကလေးကိုဂျက်စီကြည့်မရပါဘူးဆိုစိမ်းကတော့လေ။"နော်..ဂျက်ဂျက်.."
"အင်းပါ.."
စိမ်းပြုံးလျက်
"မီမီ..ကားပေါ်တက်.."
စိမ်းအနောက်တံခါးဖွင့်ပေးတော့
"အနောက်မှာမထိုင်နိုင်ဘူး..ကားမူးတတ်တယ်..အရှေ့မှာပဲလိုက်ချင်တယ်.."
"အော်..အင်းပါ..ဒါဆိုလည်းရှေ့ကလိုက်.."မာန်နဲ့ဂျက်စီတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးအချက်ပေးလေသည်။
မာန်ကားမောင်းချိန်မနဲ့စကားပြောရအောင်စိမ်းကိုရှေးခန်းကလိုက်ခိုင်းမှပဲဒီကောင်မလေးကအရှေ့ကထိုင်ချင်နေတယ်။စိမ်းအနောက်မှာပဲဂျက်စီနဲ့အတူတူထိုင်လိုက်သည်။
သူတို့ကားလည်းအိမ်မှာထွက်ခွာလာခဲ့ပြီ။
အမှန်ဆိုလေယျာဥ်နဲ့သွားခဲ့ရင်ဘာမှမဖြစ်ဘူး။
အခု့တော့မီမီကျော်ပါခေါ်လာခဲ့ရပြီ။
ဂျက်စီသူမ့ကိုအနောက်ကနေကြည့်ပြီးမျက်စောင်းတထိုးထိုနဲ့။
![](https://img.wattpad.com/cover/372735326-288-k553739.jpg)
YOU ARE READING
ချစ်ရပါသော
Romanceစိမ်း-အမျိုးသမီးဇာတ်လိုက် -လက်ဝတ်ရတနာဒီဇိုင်းနာ -ထိပ်တန်းလက်ဝတ်ရတနာဆိုင်DEAR၏တစ်ဦးတည်းသောပိုင်ရှင် -အိမ်ထောင်ရှိအမျိုးသမီးတစ်ဦး။ -ငယ်စဥ်ကတည်းကမိဘနှစ်ယောက်လုံးဆုံးရှုံးလိုက်ရပြီးDAERရတနာဆိုင်ပိုင်ရှင်သူဋ္ဌေးမကြီးကမွေးစားလိုက်ကာအမွေဆက်ခံလိုက်ရသည်။ ...