part19

804 23 1
                                    

ချစ်ရပါသော

အပိုင်း၁၉

တောင်တန်းတွေအထပ်ထပ်ကိုဖြတ်သန်းလာပြီးနောက်မာန်တို့မိဘတွေနေထိုင်ရာမြို့လေးကိုရောက်လာခဲ့သည်။
မာန်တို့မိဘတွေမှာလိမ္မော်ခြံအပြင်အခြားအခြားသောခြံများစွာကိုစိုက်ပျိုးထားသည့်လယ်ပိုင်သူဋ္ဌေးမိသားစုပေါ့။
မာန့်မာမီကဧည့်ရိပ်သာပါတစ်ခါတည်းဖွင့်ထားသည်။
မာန်တို့ငယ်စဥ်ကမာန်ဒယ်ဒီမှာစစ်ဗိုလ်မှူးတစ်ယောက်ဖြစ်ပြီးမာန်မာမီဆိုသည်မှာလည်းခရီးသွားလုပ်ငန်းပိုင်ရှင်တစ်ဦး။
မာန်တို့Ukထွက်သွားပြီးနောက်သူတို့လည်းနယ်မှာပြန်ပြီးအေးအေးချမ်းချမ်းနေတော့သည်။

လယ်ကွက်တွေများစွာမှာအလုပ်သမားများစွာရှိပြီးပိုက်ဆံဆိုတာထားစရာနေရာတောင်မရှိတော့ဘူးထင်တယ်။နိုင်ငံခြားသားခရီးသည်များသည်မာန်တို့ဧည့်ရိပ်သာကလှလည်းလှ။ကျယ်ဝန်းပြီးတောင်တန်းတွေကာရံထားသောမြို့လေးမှာတည်ရှိနေတာကြောင့်ခရီးသွားတွေအတွက်အ ကြိုက်ပေါ့။
မာန်ဒယ်ဒီဆိုအလုပ်ကိုတအားကြိုးစားသူမျိုးအခု့အသက်၆ဝ ကျော်နေပြီကိုခြံထဲမှာအလုပ်လုပ်နေတုန်း။
မာန့်မာမီဆိုတာလည်းချောတာလှတာဆိုမင်းသမီးတောင်ရှုံးရတယ်။

"ကဲရောက်ပြီ.."
ငှက်ပျောတောကြီးကျော်လွန်လာပြီးနောက်သစ်သားဖြင့်ဆောက်ထားသည့်ခြေတံရှည်အိမ်ကြီးကိုတွေ့ရသည်။
"လှလိုက်တာ.."
စိမ်းကားပေါ်ကဆင်းပြီးပြီးချင်းပြောလိုက်မိသည့်အရာ။

ရေနံဆီသုတ်ထားတာကြောင့်မဲပြောင်နေသည့်အိမ်အရောင်။ရှေးဟောင်းပုံစံမျိုးတည်ဆောက်ထားပြီးနန်းတော်ပမာကနှုတ်ပန်းများအတွန့်အတက်များဖြင့်တင့်တယ်စွာတည်ရှိနေလေသည်။
ရှမ်းပုံစံနန်းဆောင်နဲ့မြန်မာမှု့ဗိသု့ကာများကိုပေါင်းစပ်ထားခြင်းသာ။

စိမ်းဒီကအငယ်ကတစ်ခေါက်ရောက်ခဲ့ဖူးသည်။သို့သော်ထိုအချိန်ဒီအဆောက်အဦးကိုမမြင်ဖူးခဲ့ပေ။

"မာမီ.."
ဂျက်စီပြေးသွားပြီးသူမမာမီကိုပြေးဖက်လေသည်။
ခြံပေါက်ဝတွင်မာန့်ဒယ်ဒီနဲ့မာမီတို့ရပ်နေကြပြီးနောက်တွက်အလုပ်သမားသုံးလေးယောက်လည်းရှိနေ၏

ချစ်ရပါသောWhere stories live. Discover now