ချစ်ရပါသော
အပိုင်း၄
"ဟယ်လို..စိမ်း.."
"ပြောလေ..ဂျက်ဂျက်.."
စိမ်းဖုန်းကိုစပီကာဖွင့်ပြီးစားပွဲပေါ်တင်လိုက်၏။
ဒီနေ့wedding dressဆွဲဖို့စိတ်ကူးထားသဖြင့်
drawing board ရှေ့တွင်ထိုင်လိုက်သည်။
"နင်အခု့ချက်ချင်းလာခဲ့..နင့်ယောကျ်ားဖောက်ပြန်နေပြီ.."
"ဟမ်.."
"နင့်ယောကျ်ားကိုကောင်မတစ်ယောက်နဲ့ငါတွေ့လိုက်တယ်..ဟော်တယ်ထဲဝင်သွားတာ..အဲ့ကောင်မပခုံးကိုဖက်လို့..မြန်မြန်လာခဲ့..နင်တွေ့မှဖြစ်မယ်.."
စိမ်းပုံဆွဲဖို့ကိုင်ထားသည့်ခဲတံလက်ထဲကလွှတ်ကျသွားခဲ့သည်။အခု့တော့လက်ပူးလက်ချက်မိတော့မှာပေါ့လေ။
စိမ်းသူမ၏စလင်းဘတ်အိတ်ကိုကောက်ယူလိုက်ပြီးအမြန်ပြေးထွက်လာခဲ့သည်။
.....
ဟော်တယ်ကောင်တာတွင်ဂျက်စီအသင့်ရောက်နေပြီးစိမ်းကိုစောင့်နေလေသည်။
မင်းနန္ဒနဲ့ကောင်မလေးကတော့အပေါ်ထပ်ကိုတက်သွားနှင့်ပြီ။
ဂျက်စီသူတို့နောက်တိတ်တိတ်လေးလိုက်သွားပြီးအခန်းနံပါတ်ကိုကြည့်ထားပြီးသား။"ဂျက်ဂျက်.."
မျက်ဝန်းထဲတွင်မျက်ရည်အပြည့်နှင့်အမောတကောပြေးလာသောစိမ်းကိုဂျက်စီဆီးကြိုလိုက်သည်။
"စိမ်း.."
"သူဘယ်မှာလဲဟင်..သူအခြားမိန်းမနဲ့ရှိနေတာသေချာတယ်ပေါ့.."
"အင်း.."ဂျက်စီလိမ်ပြောချင်ပေမယ့်ဖောက်ပြန်တာကဘယ်တော့မှကူပြောပေးလို့မရသည့်အရာမျိုး။
ဒီနေ့မဟုတ်လည်းနောင်တစ်ချိန်တော့စိမ်းသိလာမှာပဲလေ။စောစောသိပြီးစိမ်းသူနဲ့လမ်းခွဲလိုက်တာအကောင်းဆုံးပဲ။"သွားကြမလား.."
ဂျက်စီသူမလက်ကိုဆုပ်ကိုင်ပြီးသူမ့ကိုကြည့်ပြောလေသည်။စိမ်းလျှောက်လာခဲ့သည့်လမ်းတလျှောက်
ကိုယ်မဖြစ်ပါစေနဲ့ဆိုသည့်ဆု့တောင်းသံတွေပဲ့တင်ထပ်နေသည်။
ကိုယ်အဲ့လိုလူမျိုးမဟုတ်ပါစေနဲ့..ဂျက်စီလူမှားတာပဲဖြစ်ပါစေ..ရင်တလှပ်လှပ်နှင့်ခုန်နေရင်းလျှောက်လာမိတာ
မင်းနန္ဒနှင့်ကောင်မလေးတစ်ယောက်ဝင်သွားသည်ဟု့ယူဆရသည့်အခန်းနံပါတ်၅၀၇ ရှေ့သို့ခြေချလိုက်သည်။
YOU ARE READING
ချစ်ရပါသော
Romanceစိမ်း-အမျိုးသမီးဇာတ်လိုက် -လက်ဝတ်ရတနာဒီဇိုင်းနာ -ထိပ်တန်းလက်ဝတ်ရတနာဆိုင်DEAR၏တစ်ဦးတည်းသောပိုင်ရှင် -အိမ်ထောင်ရှိအမျိုးသမီးတစ်ဦး။ -ငယ်စဥ်ကတည်းကမိဘနှစ်ယောက်လုံးဆုံးရှုံးလိုက်ရပြီးDAERရတနာဆိုင်ပိုင်ရှင်သူဋ္ဌေးမကြီးကမွေးစားလိုက်ကာအမွေဆက်ခံလိုက်ရသည်။ ...