Part2

730 19 0
                                    

ချစ်ရပါသော

အပိုင်း၂

လက်ဆွဲအိတ်ကိုစားပွဲပေါ်ပစ်ချလိုက်ပြီးဆိုဖာပေါ်သို့မင်းနန္ဒလဲချလိုက်၏။
အခု့ချိန်ဆိုအပေါ်ထပ်မှာစိမ်းအလုပ်သွားဖို့ပြင်ဆင်နေပြီဆိုတာမင်းနန္ဒသိသည်။

အရက်နံ့တွေစွဲနေပြီဖြစ်သောအပေါ်ထပ်ကိုဆွဲချွတ်လိုက်ပြီးကြမ်းပြင်ပေါ်ပစ်ချလိုက်သည်။
မနေ့ညတစ်ညလုံးနှင်းဆီ၏ကြင်နာယုယပြု့စုမှု့
တွေအောက်မှာပျော်မွေ့ခဲ့ပြီးအခု့ပင်ပန်းနေပြီ။
...
စိမ်းအခု့ချိန်ထိကိုယ်ပြန်မလာတာသေးကြောင့်ဖုန်းဆက်ကြည့်ပေမယ့်ဖုန်းကမကိုင်ဘူး။
နှင်းဆီစီဆက်ပြီးပဲမေးကြည့်ရတော့မယ်။

"ဟယ်လို..နှင်းဆီ."
"ဟုတ်..အမ..ပြောပါ.."
"ညကနင်တို့အကိုပြန်မလာလို့လေ..သူပြောတာဧည့်သည်နဲ့တွေ့နေတယ်ပြောတာပဲ..အခု့ချိန်ထိလည်းပြန်မလာသေးဘူး..အဲ့ဒါဆိုင်မှာများရှိနေသေးလား.."
"အော်..အမ..အကိုပြန်သွားတာကြာပြီ..ဆိုင်တော့ရောက်မလာသေးပါဘူး..ညကဧည့်သည်တွေနဲ့မိတ်ဆုံစားနေတာဆိုတော့ပင်ပန်းပြီးအိပ်ပျော်နေလောက်ပြီ..အမအိမ်မှာရောက်နေပြီလားသေချာကြည့်လိုက်ပါဦး..ဒီကနေပြန်သွားတာတော့ကြာပြီ.."

"ဟုတ်လား..အင်းပါ..အမအောက်ဆင်းပြီးကြည့်လိုက်ဦးမယ်..နင်တို့အကိုကအဲ့အတိုင်းပဲ...အရက်တွေတအားမသောက်ပါနဲ့ဆိုမရဘူး.."
"အဲ့လောက်တော့မဟုတ်ပါဘူး..အမရယ်..အကိုက
အပျော်ရှာတဲ့သဘောပါ...အိမ်မှာဆိုသူတစ်ယောက်ထဲပျင်းတယ်လေ..ဒါကြောင့်အပြင်မှာပျော်တာနေမှာပါ..."
"ဟုတ်တယ်..ဟုတ်တယ်..ကဲ..ဒါဆိုအမဖုန်းချလိုက်ပြီနော်..သူပြန်လာပြီလားဆင်းကြည့်လိုက်ဦးမယ်"
"ဟုတ်ကဲ့အမ..သေချာလေးဂရုစိုက်ပေးလိုက်ပါဦး..
ညကအရမ်းပင်ပန်းထားတာ.."

ရယ်သံတွေနှီးနောနေသယောင် စကားတွေ။သူမကတော့ဘယ်သူသိပါ့မလဲ။
စိမ်း..စိမ်း...နင်ကတော့ငတုံးမပဲ။
နှင်းဆီ..ကြမ်းပြင်ပေါ်တွင်ကျကျန်ခဲ့သည့်မင်းနန္ဒ၏
ပုဝါကိုဆုပ်ကိုင်ရင်းခပ်ရေးရေးလေးပြုံးလိုက်မိသည်။
ကိုယ်နဲ့မကွာဆောင်ထားသည့်ပုဝါကအခု့တော့ဘာမှအသုံးမဝင်တော့သလိုစွန့်ပစ်ခဲ့ပြီ။

ချစ်ရပါသောWhere stories live. Discover now