Part7

565 14 0
                                    

ချစ်ရပါသော

အပိုင်း၇

"ဟယ်လို..ကိုယ်.."
"အချစ်.."
"စိမ်းဒီနေ့လည်းပြန်မလာတော့ဘူး..ကြီးကြီးအိမ်သွားမလို့နောက်သုံးလေးရက်လောက်နေမှပြန်လာခဲ့မယ်နော်."
"ဟုတ်လား..ကိုယ်တစ်ယောက်ထဲအချစ်ကိုလွမ်းနေရတော့မှာပဲ..တစ်ရက်လောက်ပဲနေပြီးပြန်လာလို့မရဘူးလား.."
"မရလို့ပါ..ကြီးကြီးကနေသိပ်မကောင်းတော့.စိမ်းကြီးကြီးနားနေပေးရဦးမယ်လေနော်.ကိုယ်..ဒါပဲနော်.
စိမ်းအလုပ်ပြန်လုပ်လိုက်ဦးမယ်..ဟင်းချက်စရာတွေကတော့ကိုယ့်ဘာသာကြည့်ပြီးလုပ်လိုက်နော်..အန်တီကြီးကလည်းရွာပြန်ဖို့ခွင့်တစ်ပါတ်ယူသွားတယ်.."
"ဟာ..ကိုယ်တော့ပင်ပန်းပြီပေါ့..အချစ်"
"သုံးရက်လောက်လေးပါပဲ..စိမ်းပြန်လာရင်လုပ်ပေးမှာပေါ့..စိတ်ချမယ်နော်...ညကျအိမ်ပြန်အိပ်နော်"
"အင်းပါ..ချစ်တယ်.."

ချစ်တယ်ဆိုသည့်စကားကြားပြီးစိမ်းအော်ကလီတောင်ဆန်လာသည်။ဘယ်လိုစိတ်မျိုးနဲ့များပြောနေပါလိမ့်။
"အင်းပါ..ဒါပဲနော်..ကိုယ်.."
"မွ.."

သူ့ဘက်က"မွ"ဆိုသည့်အသံကြားသည်နှင့်စိမ်းဖုန်းကိုအမြန်ချလိုက်သည်။
"သူဘာပြောလဲ.."

စိမ်းဘေးတွင်မှေးထောက်ပြီးနားထောင်နေသောမာန်မေးလိုက်ခြင်း။
"ဘာပြောရမလဲ..အင်းပေါ့.."
"ဒေါ်စိမ်းတို့များဘယ်လိုအကြံအစည်နဲ့ယောကျ်ားကအိမ်ပေါ်ထိဖောက်ပြန်မယ်ထင်တာလဲမသိဘူး."

မာန်ခါးကိုပြန်မတ်လိုက်ပြီးဆိုဖာကိုမှီထိုင်လိုက်သည်
"သေချာတယ်..မင်းနန္ဒအကြောင်းငါအသိဆုံး..သူနှင်းဆီကိုခေါ်ပြီးအိမ်ကိုရောက်လာလိမ့်မယ်..အိမ်မှာတစ်ယောက်မှမရှိဘူးလို့ပြောတာ့ပိုလို့တောင်လုပ်မှာသေချာတယ်.."
"ဘယ်လိုယုံကြည်မှု့မျိုးနဲ့ပြောနေတာလဲ.."
စိမ်းတုန်းကလည်းသူခေါ်ရာကိုလိုက်ခဲ့ပြီးနောက်ဆုံးလက်ထပ်လိုက်ရတယ်မလား။
"သူကငါ့ယောကျ်ားပါ.သူလှမ်းမယ့်ခြေလှမ်းတိုင်းကိုငါသိတယ်.."
"အဲ့ဒါဆိုဖောက်ပြန်တာကျတော့ဘာလို့မသိလဲ.."
"အဲ့ဒါက.."

အမှန်တော့စိမ်းလည်းသူအဲ့လိုလုပ်လိမ့်မယ်လို့မထင်ထားဘူး။တစ်ခါမှလည်းစိတ်ကူးဖူးတာမဟုတ်။
"အဲ့ဒါကတော့သူငါ့ကိုအရမ်းချစ်သလိုလုပ်ပြတော့ငါလည်းယုံသွားမိတာပေါ့.."
"အော်.."

ချစ်ရပါသောWhere stories live. Discover now