Part6

737 17 0
                                    

ချစ်ရပါသော

အပိုင်း၆

စိမ်းကုမ္ပဏီမှာပဲအိပ်မည့်အကြောင်းမင်းနန္ဒကိုလှမ်းအကြောင်းကြားဖုန်းဆက်ထားသည်။သူ့ကြောင့်နေမကောင်းရသည့်ကြားထဲသူနဲ့အတူနေပြီးစိတ်ညစ်ရလို့ကြီးကြီးအိမ်မှာတစ်ညလာအိပ်ခဲ့သည်။

"စိမ်း.သမီး..မုန့်ဟင်းခါးကမကောင်းလို့လား.."
"ရှင်မဟုတ်ပါဘူး..သမီးအိမ်မှာဆိုမနက်စာသိပ်မစားဖြစ်တော့အခုလိုမနက်စာစားရင်တအားကြီးမစားနိုင်လို့ပါ.."
".မဟုတ်တာ..breakfastကနေ့တစ်နေ့ရဲ့အကောင်းဆုံးအရာပဲလေ..အစားများများစားမှအားရှိမှာပေါ့."
"ဟုတ်..သမီးနောက်ဆိုသတိထားပါ့မယ်..မနက်စာများများစားပါ့မယ်.."

စိမ်းမုန့်ဖတ်ကိုများများခပ်ပြီးအလုတ်ကြီးစားပြတော့ကြီးကြီးကပြုံးလို့။
သို့သော်စိမ်း၏မျက်နှာအနေအထားကိုကြည့်ရုံနှင့်စိမ်းစိတ်အခြေအနေဘယ်လိုရှိလဲကြီးကြီးမှန်းဆတတ်နေပြီ။
အမြဲပြုံးနေပြီးဘာမှမဖြစ်သလိုနေတတ်သည့်စိမ်းကိုကြီးကြီးငယ်ကတည်းကမွေးထားတာမသိရင်လည်း
ကြီးကြီးဘယ် ဟုတ်တော့မလဲ။

"စိမ်း..သမီးလေး..အိမ်မှာအဆင်ကောပြေရဲ့လား"
"ဟုတ်.."
စိမ်းခေါင်းတစ်ချက်ပဲငုံပြလေ၏။
"ဟိုကောင်ကော..သူဘာလုပ်နေလဲ..သူ့ဆိုင်ကောအရင်လိုပဲအရင်းပြုတ်နေတုန်းပဲလား.."
ကြီးကြီးကဘယ်တော့မှမင်းနန္ဒနာမည်ကိုမခေါ်မပြောခဲ့။
ဟိုကောင်ကော..ဟိုကောင်နဲ့ပဲသုံးနှုန်းလာခဲ့တာ။
သူသဘောမတူတဲ့သူနှင့်ယူသွားခဲ့လို့စိမ်းကိုတောင်မခေါ်ခဲ့ဘူး။သို့ဖြစ်၍စိမ်းကတော့ကြီးကြီးကိုအတင်းအကြပ်လိုက်ခေါ်တာကြောင့်နောက်ဆုံးတော့ကြီးကြီးစိတ်ပြေပြီးပြန်ခေါ်လာခဲ့သည်။

"အရင်ပါပဲ..သူကတော့ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူး.."
စိမ်းဘက်ကမင်းနန္ဒကိုမကောင်းပြောတာအခု့မှကြားဖူးသည်။စိမ်းနှင့်ဟိုကောင့်ကြားမှာပြဿနာကြီးတစ်ခု့ရှိနေပြီဆိုတာကြီးကြီးရိပ်မိသွားခဲ့သည်။

ကြီးကြီးစိမ်းလက်ကိုညင်ညင်သာသာလေးလာကိုင်ရင်း
"သမီးလေး..ဘာဖြစ်ကြတာလဲ..ကြီးကြီးကိုပြောစမ်း"
"ရပါတယ်..သမီးဒီကိစ္စကိုဖြေရှင်းနိုင်တယ်..ကြီးကြီးပြောစကားကိုနားမထောင်မိခဲ့တဲ့စိမ်းအပြစ်တွေပါ.."
"အို..ကွယ်..မဟုတ်တာ..ကြီးကြီးလည်း"
"စိမ်းကိုယုံကြည်ပေးပါနော်..စိမ်းအပေါ်သစ္စာမရှိတဲ့ကောင်အတွက်ကြီးကြီးကိုယ်တိုင်အပင်ပန်းမခံပါနဲ့
စိမ်းအပြစ်တွေအတွက်စိမ်းပြန်ပေးဆပ်တယ်လို့သဘောထားပေးပါ.."
"ေနာက်ဆုံးတော့အဲ့ကောင်ဇာတိပြပြီပေါ့"

ချစ်ရပါသောWhere stories live. Discover now