Part8

559 14 0
                                    

ချစ်ရပါသော

အပိုင်း၈

စိမ်းတို့အိမ်ထောင်ရေးမပြေလည်ဘူးဆိုတာမာန်သိတယ်။သို့သော်စိမ်းယောကျ်ားအခြားမိန်းမနဲ့ဖောက်ပြန်ပြီးအိပ်နေတာကိုတော့မာန့်ကိုမမြင်စေချင်ဘူး။

ထို့ကြောင့်စိမ်းမာန့်ကိုစောင့်မနေတော့ပဲအိမ်ကိုတစ်ယောက်ထဲပြန်လာခဲ့သည်။
အိမ်နှင့်မနီးမဝေးတွင်ကားရပ်ထားကာသူတို့နှစ်ယောက်အလာကိုစောင့်နေမိသည်။

မကြာပါဘူး။မင်းနန္ဒ၏ကားအနီရောင်ခြံထဲသို့ဝင်သွားပြီ။စိမ်းကားကိုထိုနေရာမှာတင်ထားခဲ့ပြီးခြံထဲတိတ်တိတ်လေးဝင်လာခဲ့သည်။

လက်ထဲတွင်အသင့်ရိုက်ကူးဖို့ကင်မရာတစ်လုံး။
စိမ်းမှာလည်းကိုယ့်အိမ်မှာကိုယ်ပြန်ပြီးချောင်းမြောင်းနေရသည်။

အကြံပက်စက်တဲ့သူတို့နှစ်ယောက်ကတော့ဘယ်သူမှမရှိတဲအိမ်မှာပျော်လို့ပေါ့။
မင်းနန္ဒ.နှင်းဆီကိုဆိုဖာပေါ်တွင်ထိုင်ခိုင်းလိုက်ပြီးအနမ်းတွေနဲ့စတင်တော့သည်။

စိမ်းကျစ်ကျစ်ပါအောင်ဆုပ်ထားသည့်လက်သီးဆုပ်တွေ။ဖြစ်နိုင်ရင်သူတို့နှစ်ယောက်ကိုပြေးထိုးပစ်လိုက်ချင်တယ်။

"အို..ကိုကို..နှင်းယားတယ်..မလုပ်နဲ့.."
မင်းနန္ဒကျီစယ်မှု့တွေမှာနှင်းဆီတစ်ယောက်အပျော်တွေလွန်ရော။
"ချစ်ဖို့ကောင်းလိုက်တာ..ကိုယ်တို့စကြမလား.."

မင်းနန္ဒ.နှင်းဆီကြယ်သီးတစ်လုံးချည်းစီချွတ်ရင်း
"ကိုကို..နှင်းပြောစရာရှိတယ်.."
"ပြောစရာရှိနောက်မှပြောကွာ..ကိုကိုမရတော့ဘူး."
စိတ်တွေများနေသောမင်းနန္ဒကိုနှင်းအသာအယာလေးတွန်းထုတ်ရင်း
"မရဘူး..နှင်းအရင်ပြောမှရမယ်..နှင်လေးမှာကိုယ်ဝန်ရှိနေပြီ..ကိုကို..လေးပတ်ရှိပြီ.."
"ဘာ.."

"ဂွမ်း.."
မင်းနန္ဒနှင့်နှင်းဆီအပေါက်ဝမှပစ္စည်းကျသံကြောင့်ထိတ်လန့်သွားခဲ့သည်။
"ဘယ်သူလဲ.."
"ကိုကို.."
နှင်းဆီမင်းနန္ဒလက်ကိုဆွဲထားလေသည်။

"ခဏလေး..ကိုကိုသွားကြည့်လိုက်မယ်.."
မင်းနန္ဒအပြင်ကိုထွက်ပြီးသွားကြည့်ပေမယ့်ဘယ်သူမှမတွေ့ရ။
ကြောင်ဖြတ်သွားတာနေမှာ..
ထို့ကြောင့်အထဲကိုပြန်ဝင်သွားခဲ့သည်။

ချစ်ရပါသောWhere stories live. Discover now