ချစ်ရပါသော
အပိုင်း၁၇
"ကလစ်.."
စိမ်းတံခါးဖွင့်သံကြားသည်နှင့်ဆိုဖာပေါ်ထိုင်ရင်းကနေမာန်ဝင်အလာကိုစောင့်နေမိသည်။
အခန်းထဲဝင်လာသည်နှင့်စိမ်းကိုနည်းနည်းလေးမှမကြည့်ပေ။
"မာန်..."စိမ်း၏ခေါ်သံကိုကြားလည်းမကြားသလိုနေကာသူ၏အခန်းတွင်းသို့ဝင်သွားသည်။
သူတို့အဆင်မပြေလာဘူးလား။တစ်ခါခဏကြာတော့မာန်ရေချိုးအဝတ်စားလဲပြီးထွက်လာသည်။
စိမ်းသူ့ကိုအားကိုးတကြီးနဲ့မျှော်နေသော်လည်းသူကတော့စိမ်းကိုတစ်စက်ကလေးမှပြန်မကြည့်ပေ။မာန်ရေခဲသေတ္တာထဲမှရေတစ်ဗူးကိုယူပြီးသောက်လိုက်ကာသူ့လက်တော့ပ်ကိုသာအာရုံစိုက်နေ၏။
ထမင်းစားပွဲမှာတင်ထိုင်ပြီးစိမ်းကိုနောက်ကျောပေးထားလေသည်။
မာန်သူမနှင့်စကားမပြောချင်ပေ။
မာန့်ကိုတခြားတစ်ယောက်နဲ့သဘောတူနေသည့်မ့ကိုစိတ်ဆိုးမိတယ်ဆိုတာထက်သူ့လုပ်ရပ်ကိုစိတ်မကောင်းဖြစ်တယ်။စိမ်းသူမ့အားအဖက်မလုပ်သောမာန့်ကိုဘယ်လိုလုပ်ရမလဲမသိ။
စိမ်းနှုတ်ခမ်းကိုကိုက်နေမိသည်။
စိမ်းမိတ်ဆက်ပေးသည့်ကောင်မလေးကိုမကြိုက်လို့လားဒါမှမဟုတ်စိမ်းသူ့ကိုအဲ့လိုမိတ်ဆက်ပေးလိုက်မိတာကိုလား။
ဒါဆိုလည်းစိမ်းသူကောင်းဖို့လုပ်ပေးနေတာပဲလေ။"မာန်..."
စိမ်းခပ်တည်တည်နဲ့ပဲသူ့နားတရွေ့ရွေ့လျှောက်သွားလိုက်သည်။
မာန်ရှေ့ကခုံမှာဝင်ထိုင်လိုက်သည်။"အလုပ်လုပ်နေတာလား.."
မာန့်ဆီကစူးရှသည့်အကြည့်တစ်ခု့သာစိမ်းရလိုက်လေသည်။
စိမ်းဘယ်လိုစကားစပြောရမလဲမသိတော့။
"မာန်..ဒီနေ့ညစာစားလာတာကြိုက်တယ်မလား..မာန့်ကြိုက်တာချည်းမမမှာပေးထားတာ..."
"မမ..လိုရင်းပြော..ဘာပြောချင်နေတာလဲ.."မာန့်ဘက်ကအခွင့်အရေးပေးလာတော့မှလည်း
"ဟို..မာန်.ချိုမာ့ကိုဘယ်လိုသဘောရလဲ"
"ဘယ်လိုမှသဘောမရဘူး..ဒီအတိုင်းပဲ"
"မာန်..မင်းကလည်းကွာ..သူ့နဲ့တွေ့လိုက်တာပဲ..သူ့အပေါ်ရန်ခုန်မိတာလေးတောင်မရှိဘူးလား..သူကလှတယ်..တော်တယ်..ချစ်ဖို့လည်းကောင်းတယ်လေ.မင်းတစ်ခု့ခု့တော့ခံစားရမှာပါ.."
"မမ..မောင်ဒီနေ့ပင်ပန်းနေတယ်..ဒါတွေမပြောချင်ဘူး.."
"မင်းသူ့ကိုသဘောမကျလို့လား..မမနောက်ထပ်မင်းနဲ့သင့်တော်တဲ့သူတွေရှိတယ်..မိတ်ဆက်ပေးမယ်..ငယ်ရွယ်တဲ့အချိန်လေးမှာအလုပ်ချည်းလုပ်မနေနဲ့..အချစ်ကိုလည်းရှာသင့်တယ်..ဒါမှပျော်ရွှင်ရမှာ.."
"မင်းဘယ်လိုပုံစံမျိူးသဘောကျလဲ.."
"မ.တကယ်မသိလို့မေးနေတာလား..မောင့်အ ကြိုက်ကိုမအသိဆုံးလို့ထင်ခဲ့တာ.."
YOU ARE READING
ချစ်ရပါသော
Romanceစိမ်း-အမျိုးသမီးဇာတ်လိုက် -လက်ဝတ်ရတနာဒီဇိုင်းနာ -ထိပ်တန်းလက်ဝတ်ရတနာဆိုင်DEAR၏တစ်ဦးတည်းသောပိုင်ရှင် -အိမ်ထောင်ရှိအမျိုးသမီးတစ်ဦး။ -ငယ်စဥ်ကတည်းကမိဘနှစ်ယောက်လုံးဆုံးရှုံးလိုက်ရပြီးDAERရတနာဆိုင်ပိုင်ရှင်သူဋ္ဌေးမကြီးကမွေးစားလိုက်ကာအမွေဆက်ခံလိုက်ရသည်။ ...