part15

492 15 0
                                    

ချစ်ရပါသော

အပိုင်း၁၅

စိမ်းအခန်းတွင်းသို့ဝင်လာခဲ့သည်။
အခန်းမီးတွေကတော့ပွင့်လို့ထိုကောင်လေးပြန်ရောက်နေပြီထင်တယ်။
စိမ်းဒေါက်ဖိနပ်ကိုချွတ်ပြီးစင်ပေါ်တင်လိုက်ကာအထဲသို့ဝင်လာခဲ့သည်။

မီးဖိုမှာလည်းသူမရှိဘူး။ဧည့်ခန်းထဲမှာလည်းသူမရှိဘူး။
ဘယ်များရောက်နေပါလိမ့်။အခန်းထဲများလား။
စိမ်းအခန်းတံခါးခေါက်ကြည့်ပြီးခေါ်တော့လည်းပြန်မထူး။

အရှေ့မှာတော့ဖိနပ်ချွတ်ထားတာတွေ့ပါတယ်။
ဧည့်ခန်းထဲမှာလည်းသူ့လက်ဆွဲအိတ်ရှိတယ်။သို့သော်လူကတော့ရှာမတွေ့။

စိမ်းစီးကရက်အနံ့ရလာတာကြောင့်နှာခေါင်းရှုံ့လိုက်သည်။
"ဆေးလိပ်နံ့ကြီး.."
ထို့ကြောင့်စိမ်းဝရံတာကိုထွက်လာခဲ့သည်။
သေချာတာပေါ့။မာန်ဆေးလိပ်ခိုးသောက်နေတာ။

"မာန်.."
မာန်စိမ်းကိုမြင်တာနဲ့လက်ထဲကဆေးလိပ်ကိုနောက်သို့ဖွက်လိုက်သည်။
"မ..."
"ပေး..ဆေးလိပ်ပေးစမ်း..မင်းကိုမသောက်ပါနဲ့လို့မဘယ်နှစ်ခါပြောထားလဲ.."
"မဟုတ်ဘူး...မ.."
"ဘာမဟုတ်ဘူးလဲ..ပြောတော့မသောက်တော့ပါဘူးလို့လိမ်ပြောတယ်..မင်းပြောတော့မစကားကိုနားထောင်တယ်ဆို..ကဲပြော..ဘယ်မှာနားထောင်လိုက်လဲ.."
စိမ်းသူ့လက်ထဲဆေးလိပ်ကိုဆွဲယူလိုက်ပြီးလှင့်ပစ်လိုက်သည်။
"မာန်...မင်းတော်တော်ကိုဆိုးနေပါ့လား.."
"မောင်..တစ်လိပ်ထဲသောက်မိတာပါ..ဆေးလိပ်ဖြတ်နေပေမယ့်အရမ်းသောက်ချင်ရင်တစ်လိပ်လောက်တော့သောက်လို့ရပါတယ်.."
"မရဘူး..တစ်လိပ်တောင်မသောက်နဲ့..မင်းကြီးနေပြီးမပြောစကားကိုဘာလို့နားမထောင်ချင်ရတာလဲမာန်..မ..မကြိုက်ဘူးလို့ပြောတာဆေးလိပ်သောက်တာတစ်ခု့ပဲရှိတယ်..ဒီတစ်ခု့လေးတောင်မင်းမလုပ်နိုင်ဘူးလား..ဒါတောင်မင်းကငါ့ကိုကာကွယ်မယ်လေးဘာလေး..ကိုယ်တိုင်ကျစည်းကမ်းမလိုက်နာပဲ..မင်းငါ့ကိုဘယ်လိုကာကွယ်မှာလဲ..ဟမ်"

"မ့ကိုကာကွယ်ပေးတာနဲ့ဆေးလိပ်သောက်တာမဆိုင်ပါဘူးဗျာ.."
"ဘာမဆိုင်တာလဲ..ဆိုင်တယ်..ဆေးလိပ်သောက်ပြီးပုံမှန်နေရမဲ့အသက်ထက်စောစောသေသွားတယ်ဆိုတာမင်းမသိဘူးလား..ရှေ့နေတစ်ယောက်ဖြစ်နေပြီ..ဒါလေးတောင်မသိရင်..မင်းဘယ်လိုလုပ်မလဲ..ပြောတော့..ငါ့ကိုချစ်တယ်ဆို..ဘယ်မှာလဲမင်းချစ်တာ..ငါပြောစကားကျနားမထောင်ဘူး..သူလုပ်ချင်တာလုပ်တယ်..မင်းချစ်တယ်ဆိုတာမယုံပါဘူး..လိမ်ပြောနေတာပဲဖြစ်မယ်.."
"မမ.."

ချစ်ရပါသောWhere stories live. Discover now