ချစ်ရပါသော
အပိုင်း၁၁
မာန်ဂွမ်းစပေါ်တွင်အရက်ပြန်သုတ်လိမ့်လိုက်ပြီးစိမ်း၏လက်ဖဝါးကပေါ်ရှိအနာကိုသုတ်ပေးလိုက်၏။
"အား..နာတယ်.."
စိမ်းနာသောကြောင့်မာန်၏ပခုံးကိုဆုပ်ကိုင်လိုက်မိသည်။
"အခု့တော့နာမှန်းသိပြီပေါ့..လုပ်လိုက်တုန်းကတော့ဘာမှမစဥ်းစားဘူးလား.."
"မာန်..မင်းနော်..မမကိုမခနဲ့နဲ့..မမအတည်နာနေတာ
"ကျွန်တော်လည်းအတည်ပြောနေတာ...မမကဘယ်တော့မှကိုယ့်ကိုကိုယ်ကြည့်တတ်လို့တုန်း..ဖြစ်သင့်လားမဖြစ်သင့်လားအရင်စဥ်းစားလေဗျာ..ကလေးလည်းမဟုတ်တော့ဘူး.."မာန်ဆူငေါက်တော့စိမ်းသူမနှုတ်ခမ်းလေးကိုကိုက်လိုပ်သည်။
"ဖူး.ဖူး.."
မာန်ဆေးထည့်ပေးပြီးစိမ်း၏အနာကိုမှုတ်ပေးလေသည်။
"နောက်ထပ်ဘယ်နေရာတွေရှိသေးလဲ.."
"ကုန်ပြီ...အကုန်လုံးလိမ်းပြီးသွားပြီ.."မာန်စိမ်း၏မျက်နှာကိုသေချာကြည့်နေလေသည်။
"မျက်နှာကတော့ကျက်ပူထိုးရမယ်ထင်တယ်"
"ရေခဲသေတ္တာထဲမှာရေခဲအိတ်ရှိတယ်.."
"အင်း..ကျွန်တော်သွားယူလိုက်မယ်.."မာန်သူမနားကထွက်သွားပြီးရေခဲသေတ္တာစီလျှောက်သွားသည်။
စိမ်းသူမ့လုပ်ရပ်တွေကိုစဥ်းစားနေမိသည်။
အမှန်မှာရဲအရာရှိတွေခေါ်ပြီးဖောက်ပြန်တာသက်သေယူချင်ယုံပဲ။သို့သော်စိမ်းရဲ့စိတ်ထဲမှာအတွေးတစ်ခု့ကပေါ်လာခဲ့သည်။အဲ့ဒါကတော့သူ့ဖောက်ပြန်သည့်ကောင်တင်မဟုတ်ဘူးမိန်းမဖြစ်သူကိုပါကိုယ်ထိလက်ရောက်ကျူးလွန်သည့်နာမည်နှင့်အရှက်ရစေချင်တယ်။
နှင်းဆီဆိုသည့်သူလေးလည်းကျန်သေးတယ်။စိမ်းသူ့ကိုဘယ်လိုများစီစဥ်ပေးရပါလိမ့်။
သူတို့နှစ်ယောက်လုံးကိုစိမ်းကောင်းကောင်းကြီးအပြစ်ပေးမှာတော့အသေချာပဲ။အရင်တုန်းကလိုပျော့ညံ့ပြီးစာနာပေးနေမည့်စိမ်းမဟုတ်တော့ဘူး။မတရားတာကိုရင်ဆိုင်ဖို့စိမ်းမှာသတ္တိတွေရှိနေပြီ။
(အားကိုးစရာရှေ့နေကြီးတစ်ယောက်လုံးရှိနေတော့လည်းပြောအားရှိတာပေါ့😒)"အို..အကောင်ဝင်သွားပြီ.."
စိမ်းမျက်လုံးကိုပွတ်ပြီးအကောင်ကိုဖယ်ရှားနေမိသည်။
မီးရောင်အောက်ပိုးကောင်တွင်ရှိနေတတ်ပြီးစိမ်း၏မျက်လုံးထဲသို့စိုက်စိုက် မြိုက်မြိုက်ဝင်ရောက်လာခဲ့သည်။
"ယားလိုက်တာ.."
"မမ.."
YOU ARE READING
ချစ်ရပါသော
Romanceစိမ်း-အမျိုးသမီးဇာတ်လိုက် -လက်ဝတ်ရတနာဒီဇိုင်းနာ -ထိပ်တန်းလက်ဝတ်ရတနာဆိုင်DEAR၏တစ်ဦးတည်းသောပိုင်ရှင် -အိမ်ထောင်ရှိအမျိုးသမီးတစ်ဦး။ -ငယ်စဥ်ကတည်းကမိဘနှစ်ယောက်လုံးဆုံးရှုံးလိုက်ရပြီးDAERရတနာဆိုင်ပိုင်ရှင်သူဋ္ဌေးမကြီးကမွေးစားလိုက်ကာအမွေဆက်ခံလိုက်ရသည်။ ...