Part10

622 13 0
                                    

ချစ်ရပါသော

အပိုင်း၁၀

အနက်ရောင်ဒေါက်ဖိနပ်ကိုဝတ်ထားသည့်အမျိုးသမီးတစ်ဦးကားတံခါးကိုဖွင့်ပြီးခပ်မိုက်မိုက်ဆင်းလာခဲ့သည်။
သူမတို့အတူတူနေထိုင်ခဲ့သည့်မိုးပြာရောင်တိုက်ကိုမော့ကြည့်လိုက်ပြီးသူမ၏နှုတ်ခမ်းအနည်းငယ်မဲ့လိုက်သည်။
သူမဒီနေ့ဝတ်လာသောအနီရောင်တောက်တောက်ဝတ်စုံကသူမဒေါသကိုပိုပြီးပေါ်လွင်စေ၏။
သို့သော်မျက်နှာတွင်မိတ်ကပ်ဖျော့ဖျော့လေးကိုသာလိမ်းထားပြီးထိုသို့လိမ်းထားခြင်းကသူမကိုတစ်ခု့မဟုတ်တစ်ခု့တော့အကျိုးပြု့လိမ့်မယ်။

"မမ. "
စိမ်းကားတစ်ဖက်ခြမ်းတွင်ရပ်ပြီးသူမအားကြည့်နေသောမာန်ကိုလှည့်ကြည့်ပြီးခေါင်းငြိမ့်ပြလိုက်သည်။
မာန်ထို့နောက်သူ့အနောက်ဘက်တွင်ရပ်ထားသောကားပေါ်ရှိသူများကိုခေါင်း ငြိမ့်ပြလေသည်။
စိမ်း၏ဖိနပ်သံတခွပ်ခွပ်နဲ့အိမ်အတွင်းသို့ဝင်ရောက်လာခဲ့သည်။

စီးထားသောဖိနပ်ကိုတောင်မချွတ်တော့ပဲအိမ်အပေါ်ထပ်ကိုတက်လာခဲ့သည်။
"ကိုကို..နှင်းလေးကိုလက်ထပ်မယ်မလား.."
"အင်းပေါ့..လက်ထပ်မှာပေါ့.."
စိမ်းတို့၏ခုတင်ပေါ်တွင်ပျော်မြူးနေသောလူနှစ်ယောက်။

"ဆရာကြီးတို့ဒီအခန်းထဲမှာပါ..သူခိုးတွေဝင်နေတာလားမသိဘူး..အထဲကအသံတွေကြားနေရတယ်..တံခါးကလည်းအထဲလော့ချထားသေးတယ်..ဒီမှာအခန်းသော့ပါရှင်..ကျွန်မ့အခန်းထဲသူခိုးဝင်နေရင်တော့ဒုက္ခပဲ"
စိမ်းနောက်တွင်ပါလာသောရဲအရာရှိများကိုမျက်နှာချိုသွေးပြီးလိမ်ပြောလိုက်သည်။
"စိတ်အေးအေးထားပါ..ကျွန်တော်တို့ကူညီပေးပါ့မယ်..အမနောက်ဆုတ်နေ.."

စိမ်းနောက်ဆုတ်ပြီးမာန်နားမှာသွားရပ်လိုက်သည်။
တိတ်တိတ်လေးလက်ဝါးချင်းရိုက်လိုက်သည်။
"ခလစ်.."
တံခါးကိုသော့ဖြင့်ဖွင့်ပြီးဝင်သွားချိန်
ချစ်နှီးနှောဖို့ခြေလှမ်းစနေသောစုံတွဲအလန့်တကြားနဲ့ကြောင်ကြည့်နေသည်။

ထို့နောက်ယောကျ်ားနှစ်ယောက်အခန်းထဲဝင်လာတာကြောင့်နှင်းဆီစောင်ကိုအမြန်ခြုံလိုက်သည်။
"ဟေ့..လက်မြှောက်ထား.."
မင်းနန္ဒကြောင်ပြီးလက်နှစ်ဖက်ကိုလေမြှောက်ထားသည်။
"အမ..ဝင်လာခဲ့တော့..မိပြီ.."
ဖိနပ်သံကစိမ်းထက်အရင်ကြားနေရသည်။
"ကိုယ်..ရှင်တို့က"
စိမ်းသူတို့ကိုမြင်ပြီးအံ့သြသလိုနဲ့ခြေထောက်တွေတောင်ပွေ့ခွေသွားသည်။
"အချစ်..ဒါကအချစ်ထင်သလိုမဟုတ်..အချစ်.."

ချစ်ရပါသောWhere stories live. Discover now