ချစ်ရပါသော
အပိုင်း၁၄
"မာန်.."
စိမ်း၏အသံကဝမ်းနည်းသံတွေပါနေသည်။
ကလေးတစ်ယောက်ကိုကတိပေးထားခဲ့ပေမယ့်စိမ်းသတိမရခဲ့ဘူး။
မာန်ငါးနှစ်တာလုံးစိမ်းကိုစောင့်လိမ့်မယ်မထင်ခဲ့ပါ။
"အဲ့တုန်းကမင်းငယ်သေးတယ်..အချစ်ဆိုတာနားလည်မှာမဟုတ်ဘူး..အချစ်ဆိုတာမကောင်းဘူးမာန်..နာကျင်ရတယ်..သစ္စာဖောက်ခံရတယ်.."
"အဲ့လူကကျွန်တော်မှမဟုတ်တာမရယ်..ကျွန်တော်ကိုသာမ စောင့်ခဲ့ရင်မအခု့ဆိုပျော်နေလောက်ပြီ."မာန်သူ၏စကားအဆုံးတွင်အသံတိမ်သွားသည်။သူတို့ရှေ့ကရေခဲသတ္တာမျက်နှာပြင်မှာမ၏မျက်နှာကိုအထင်းသားမြင်ရသည်။
မမျက်နှာမကောင်းဘူး။
"မ.."
မာန်စကားမဆုံးခင်စိမ်းထိုင်ရာမှထလိုက်သည်။
ပြီးနောက်အခန်းသို့ပြန်ရန်ပြင်လိုက်လေရာ
"မ..မ..နာကျင်နေရသေးတယ်ဆိုတာကျွန်တော်နားလည်ပါတယ်..ကျွန်တော်မ့ကိုထပ်စောင့်နိုင်တယ်..တစ်နေ့တော့ကျွန်တော့်ကိုမဘေးနားမှာနေခွင့်ပေးပါနော်.."စိမ်းသူမ့လက်ကိုဆုပ်ကိုင်ထားသောမာန့်ကိုငြင်းမထုတ်ရက်။သို့သော်မာန်နဲ့သူမရဲ့အခြေအနေကကွာခြားလွန်းတယ်။စိမ်းတို့နှစ်ယောက်အတွက်မဖြစ်နိုင်ဘူး။
"မာန်..မင်းကငယ်ပါသေးတယ်..မမနဲ့လည်းအသက်အများကြီးကွာတယ်..မရူးမိုက်ချင်စမ်းပါနဲ့မာန်ရယ်.."
"မမ..အခု့လိုခေါတ်မျိုးမှာအသက်ကြီးတာတွေငယ်တာတွေအရေးမပါတော့ဘူး..လိုအပ်ဆုံးကအချစ်ပဲ..တစ်ဦးကိုတစ်ဦးချစ်နေရင်ဘယ်အရာမှကြောက်စရာမလိုပါဘူး..မ"
"အသက်အရွယ်ကအရေးမကြီးဘူးပဲထားပါတော့..ဒါပေမဲ့မမကတစ်ခု့လပ်တစ်လင်ကွာဆိုတာကကောအဲ့ဒါကဘယ်တော့မှပြောင်းလဲလို့မရဘူး..မာန်..မမကိုမချစ်စမ်းပါနဲ့..""မ..ကျွန်တော်မငယ်တော့ဘူး..ကိုယ်ပိုင်အလုပ်လည်းရှိနေပြီ..မ့ကိုလည်းကာကွယ်ပေးနိုင်နေပြီ..တစ်ခု့လပ်မကလို့ဘာဖြစ်လဲ..ကျွန်တော်မ့ကိုချစ်တယ်လေ.
ကျွန်တော်ရင်ဆိုင်နိုင်တယ်..မကောကျွန်တော့်ကိုမချစ်ဘူးလား.."
စိမ်းသူ၏လက်ကိုဖြတ်ချလိုက်ပြီးအခန်းဘက်ကိုလျှောက်လာခဲ့သည်။
"မ..ကျွန်တော်မေးနေတာဖြေလေ..ကျွတ်တော့်ကိုမချစ်ဘူးလားလို့.."
မာန်အပြေးသွားပြီးစိမ်း၏ပခုံးနှစ်ဖက်ကိုကိုင်ကာအတင်းမေးလိုက်သည်။
YOU ARE READING
ချစ်ရပါသော
Romanceစိမ်း-အမျိုးသမီးဇာတ်လိုက် -လက်ဝတ်ရတနာဒီဇိုင်းနာ -ထိပ်တန်းလက်ဝတ်ရတနာဆိုင်DEAR၏တစ်ဦးတည်းသောပိုင်ရှင် -အိမ်ထောင်ရှိအမျိုးသမီးတစ်ဦး။ -ငယ်စဥ်ကတည်းကမိဘနှစ်ယောက်လုံးဆုံးရှုံးလိုက်ရပြီးDAERရတနာဆိုင်ပိုင်ရှင်သူဋ္ဌေးမကြီးကမွေးစားလိုက်ကာအမွေဆက်ခံလိုက်ရသည်။ ...