Part5

558 16 0
                                    

ချစ်ရပါသော

အပိုင်း၅

စိမ်းတစ်ယောက်ဆေးရုံပေါ်ရောက်နေသည်ကိုမင်းနန္ဒမသိရှာ။
စိမ်းကလည်းဘယ်သူကိုမှမပြောဖို့တားမြစ်ထား
သဖြင့်ဂျက်စီ..စိမ်းကြီးကြီးတောင်လှမ်းအကြောင်းမကြားဖြစ်။
ညနေရောက်တော့စိမ်းဆေးရုံဆင်းမယ်ဇွတ်လုပ်တာကြောင့်ဂျက်စီတားမရသည့်အဆုံးသဘောတူလိုက်ရသည်။

"စိမ်းရယ်..မနက်ဖြန်ကျမှဆင်းပါလား..နေမှမကောင်းသေးဘူး.."
"မဟုတ်ဘူး..ဂျက်ဂျက်..ငါဆင်းမှဖြစ်မယ်..နို့မို့ဆိုမင်းနန္ဒသတိထားမိသွားလိမ့်မယ်..သူတို့နှစ်ယောက်ကိုငါလက်ပူးလက်ကြပ်မိရမှဖြစ်မယ်.."
"အဲ့အတွက်ငါဓာတ်ပုံရိုက်ထားပြီးသားပဲဟာ..အေးဆေးနားနေစမ်းပါ.."
"ဒီလောက်သက်သေနဲ့ဆိုမလုံလောက်သေးဘူး..ငါသူတို့ကိုကောင်းကောင်းကစားပြဦးမှာ..ငါ့ကိုသစ္စာဖောက်တဲ့အတွက်သူ့တို့အမှားကြီးမှားသွားပြီဆိုတာပြရမယ်.."

စိမ်းဆန္ဒကိုဂျက်စီလွန်ဆန်နိုင်ခွင့်မရှိ။သူ့တုန်းကအေးအေးလေးဖြေရှင်းပြီးကွာရှင်းပေးခဲ့ပေမယ့်စိမ်းကတော့အဲ့လိုလုပ်မဲ့ပုံမပေါ်။

စိမ်းကိုအိမ်မှာတစ်ယောက်ထဲထားခဲ့ရပေမယ့်ဘယ်လိုမှစိတ်မချ။သူ့မစိတ်တွေပေါက်ကွဲပြီးအကြီးအကျယ်ရန်တွေ့ရင်စိမ်းပဲခံရမှာ။မင်းနန္ဒကတော့ငြိမ်ခံနေမယ့်အမျိုးအစားမဟုတ်ဘူး။
ဂျက်စီရင်တထိတ်ထိတ်နှင့်သာအိမ်ပြန်လာခဲ့ရသည်။

"အချစ်ရေ..အချစ်.."
မင်းနန္ဒတစ်ယောက်အိမ်ပေါက်ဝကနေဆက်တိုက်စိမ်းကိုခေါ်လာပေမယ့်တစ်ချက်မှပြန်ထူးသံမကြား။
"ဒီမိန်းမတော့အိမ်မှာမရှိဘူးနဲ့တူတယ်..ဘယ်တွေအလေလိုက်နေလဲမသိဘူး.."
မင်းနန္ဒတစ်ယောက်ဒေါပွပြီးအင်္ကျီကိုခုံပေါ်ပစ်တင်လိုက်သည်။

ရေခဲသေတ္တာဘေးမှဝိုင်ခွက်ကိုကိုင်ကာအသင့်စောင့်နေသောစိမ်းကိုသူမြင်မည်မထင်။သူ၏အဆင့်အတန်းမရှိသောအခု့လိုပုံစံမျိုးကိုလည်းစိမ်းတစ်ခါမှမတွေ့ဘူး။ဘယ်တွေ့ဖူးမလဲသူစိမ်းရှေ့မခုတ်တတ်သည့်ကြောင်လိုလက်သည်းဖွက်ထားတာကို။
စိမ်းတစ်ယောက်သူ့အလိမ်အညာတွေနစ်မြုပ်နေခဲ့မိတာဘယ်နှစ်နှစ်တောင်ရှိသွားပြီလဲ။

ချစ်ရပါသောWhere stories live. Discover now