part22(End)

1.5K 30 1
                                    

ချစ်ရပါသော

အပိုင်း၂၂(ဇာတ်သိမ်းပိုင်း)

"မ..မ.."
ကျယ်ဝန်းသည့်အခန်းကျယ်ကြီးထဲမာန်တစ်ယောက်စိတ်ဓာတ်တွေအလိုလိုကျဆင်းနေပြီ။
မနားမှာနေရဖို့အကောင်းဆုံးကြိုးစားခဲ့ပေမယ့်အရာမထင်ပါ့လား။

မျက်ရည်ကျရတာအလွန်မုန်းသည့်မာန်မကြောင့်နဲ့မျက်ရည်တွေကျနေမိတယ်။
ပျော့ညံ့တယ်ပြောပြောမနဲ့ပက်သက်လာရင်အသည်းမမာနိုင်တော့ဘူး။

"မာန်..."
မာန်ဆိုဖာပေါ်တွင်ငူငူငိုင်ငိုင်နဲ့ထိုင်ပြီးငိုနေရင်းကမ့အသံကြောင့်လှည့်ကြည့်မိသည်။
မ့လက်ထဲတွင်အထုတ်ပလုတ်တွေနှင့်။အဝတ်အစားထုတ်တော့မဟုတ်ဘူး။

"မ.."
မာန်အမြန်ပြေးပြီးမ့ကိုဖက်လိုက်သည်။
မကထွက်သွားတာမဟုတ်ဘူးပဲ။
ရုတ်တရက်မာန်လာဖက်ပြီးငိုနေတာကြောင့်စိမ်းမှာကြောင်တောင်တောင်ပင်။

"ဘာဖြစ်လို့လဲ..မာန်.."
မာန်သူမ့ကိုတင်းကြပ်စွာဖက်ထားမိသည်။အိမ်မက်ကအမှန်တကယ်မဟုတ်လို့တော်သေးတယ်
ထိုအရာသာအမှန်ဖြစ်ခဲ့ရင်မာန်အသက်ရှင်နိုင်မည်မဟုတ်။

မ့ကိုတစ်ခါမျှသူများလက်ထဲအပါခံခဲ့ရဖူးတယ်။ဒါကလည်းမာန့်မှာမ့ကိုကာကွယ်ဖို့တာဝန်ယူဖို့အားအင်မရှိသေးလို့။
အခု့ကံတရားကမာန့်ကိုနောက်တစ်ခေါက်အခွင့်အရေးပေးတာကိုမာန်အဆုံးရှုံးမခံနိုင်ဘူး။
မ့ကိုသာထပ်လက်လွှတ်လိုက်ရရင်မာန်ဆိုတာရှိမှာတောင်မဟုတ်တော့ဘူး။

"ရေသောက်လိုက်အုံး..ရော့.."
မာန်မလက်ထဲကရေခွက်ကိုယူပြီးမော့သောက်လိုက်၏။စိမ်းသူ့ဘေးနားဝင်ထိုင်ကာ
"မထွက်သွားတယ်လို့ထင်နေတာပေါ့..မာန်...မင်းကတော့လေ..ရှေ့နေတောင်ဖြစ်နေပြီ..ဒါလေးတောင်မစဥ်းစားတတ်တော့ဘူးလား.."
"အိပ်ရာနိူးတော့မမှာမရှိတော့တာ..မောင့်ကိုထားသွားတယ်ထင်တာပေါ့..မပြောမဆိုနဲ့ထွက်သွားပြီးတော့များ..အခန်းထဲလိုက်ရှာတော့လည်းမတွေ့ဘူးလေ.."

"အိပ်ရာပေါ်မတွေ့လည်းဖုန်းဆက်လိုက်ပေါ့..."
"အော်.."
ဟုတ်သား။မာန်အလောတကြီးနဲ့မေ့သွားခဲ့သည်။
မနဲ့ပက်သက်ရင်ပြယာခတ်တဲ့ကောင်ငယ်လေးဖြစ်တတ်တာကို။

ချစ်ရပါသောWhere stories live. Discover now