Part9

132 4 0
                                    

ချစ်ရပါသော

အပိုင်း၉

"ဟီး..ဟီး.."
ကောင်လေးတစ်ယောက်အိမ်ခြံဝန်း၏ထောင့်တစ်နေရာတွင်ချောင်ကပ်ငိုနေလေသည်။
"ဟေ့..ကောင်လေး..မမကိုဘောလုံးလေးလှမ်းယူပေးပါဦး.."
ထိုကောင်လေးဘေးခြံမှမိန်းကလေးတစ်ယောက်အသံကြောင့်လှည့်ကြည့်မိတော့အုတ်တံတိုင်းတွေအထက်တွင်ကားယားခွထားသောမမကိုတွေ့လေသည်။
ဆံပင်ကိုကျစ်ဆံမြှီးကျစ်နှစ်ခု့ခွဲကျစ်ထားပြီးမျက်နှာပေါ်တွင်တောက်ပသည့်အပြုံးတွေနဲ့ပြုံးပြနေလေသည်။

"ကလေးပေါက်စ..ငိုနေတာလား.."
စိမ်းအုတ်တံတိုင်းပေါ်ကအောက်သို့ခုန်ဆင်းလိုက်ပြီးသူမဘောင်းဘီကဖုံတွေကိုခါလိုက်သည်။

ငိုနေသည့်ကောင်လေးအုတ်တံတိုင်းပေါ်မှစွပ်ကနဲခုန်ချလာသောသူမ့ကိုကြောင်ပြီးကြည့်နေမိရာငိုနေတာတောင်မေ့သွားသည်။
စိမ်းသူ့ရှေ့တွင်ဆောင့်ကြောင့်လေးထိုင်ကာ
အင်္ကျီအိတ်ကပ်ထဲစုပ်လုံးကိုထုတ်လိုက်သည်။
"မမစီမှာဒါလေးပါတယ်..စားမလား.."

ငါးနှစ်သားကောင်လေးကတော့ခပ်ချေချေပဲ။စိမ်းပြောစကားကိုအင်းမလုပ်အမ်းမလုပ်။
စိမ်းသူစိတ်ကောက်နေသည်ဟူသောအတွေးကြောင့်ပြုံးလိုက်ပြီး
"မမ သဘောပေါက်ပြီ.."
စိမ်းစုပ်လုံးအခွံကိုဖောက်ပြီးသူ့ရှေ့ကိုကမ်းပေးသည်။
ဒါလည်းကောင်လေးကမတုန်မလှုပ်ပဲ။
စိမ်းသူများခြံထဲထိတောင်ကျော်တက်လာပြီးသူများကလေးကိုချော့မော့နေရပါလား။

"မစားဘူးလား..မစားဖူးဆိုမမစားလိုက်မှာနော်..စတော်ဘယ်ရီအရသာလေးမွှေးနေတာပဲ..တကယ်မစားဘူးလား.."
ထိုကောင်လေးမျက်လုံးတွေကစုပ်လုံးပေါ်တွင်ရောက်နေပြီးစားချင်စိတ်ကိုတော်တော်လေးထိန်းထားပုံရတယ်။
"အား..ကြာပါတယ်ကွာ..မမပဲစားလိုက်တော့မယ်"
"အား..ပေး.."
စိမ်းပါးစပ်ထဲမထည့်ခင်လေးတင်ကောင်လေးစုပ်လုံးကိုဆွဲယူလိုက်သည်။
စုပ်လုံးရသွားလို့ပျော်သွားသည့်ပုံကစိမ်းကိုပါပျော်ရွှင်စေသည်။စိမ်းမှာသာမောင်နှမတွေရှိရင်သူတို့လည်းထိုကောင်လေးလိုချစ်ဖို့ကောင်းလိုက်မလား။
မောင်နှမသာရှိတာသူတို့ကဘယ်တော့မှလူရာမသွင်းခဲ့တော့စိမ်းမှာမောင်နှမမရှိသလိုပါပဲ။

ချစ်ရပါသောWhere stories live. Discover now