Part3

586 15 0
                                    

ချစ်ရပါသော

အပိုင်း၃

"စိမ်း..ဒါလေးကကောင်းတယ်နော်..အုန်းနို့နံ့သင်းသင်းလေး.."
"အင်း.."
စိမ်းစကားပြောပြီးသက်ပြင်းချလိုက်မိသည်။

ဒီနေ့တစ်နေ့လုံးစိမ်းမျက်နှာမကောင်းတာဂျက်စီသတိထားမိသည်။တွေ့ကတည်းစိမ်းမျက်နှာညိုးငယ်နေ၏။
မာန်ကြောင့်များလား။

"အမ..."
မာန်Toiletဝင်ပြီးပြန်လာခဲ့သည်။ခြေထောက်ကိုထော့နဲထော့နဲနှင့်လျှောက်လာပြီးဂျက်စီဘေးဝင်ထိုင်လိုက်သည်။

စားပွဲဝိုင်းတွင်တည်ငြိမ်နေတာကြောင့်မာန်သူ့အမကိုမျက်ခုံးပင့်ပြလေတော့ဂျက်စီသူမသိဘူးဆိုသည့်အကြည့်ဖြင့်ပခုံးပင့်ပြသည်။
ဇွန်းကိုရှေ့နောက်လှုပ်ရှားနေပြီးအစားအပေါ်စိတ်မဝင်စားနေသောစိမ်းကိုကြည့်လိုက်၏။

ဘာဖြစ်နေတာလဲ။အလုပ်ကအဆင်မပြေတာလား။
ဒါမှမဟုတ်အိမ်ထောင်ရေးကြောင့်လား။

"မမ..မစားတာ..ဟင်းတွေမကြိုက်လို့လား."
"ဟင်.."
စိမ်းနယ်ချဲ့နေသောအတွေးတွေကြောင့်မာန်စကားကိုနားမလည်ပေ။

"မမ..ထမင်းတွေမကုန်သေးဘူးလေ..မစားချင်လို့လား..ကျွန်တော်တစ်ခု့ခု့မှာပေးရမလား..မမကြိုက်တဲ့ပုဇွန်မှာလိုက်မယ်လေ.."
"ဟာ..မဟုတ်တာ..မမဗိုက်သိပ်မဆာလို့..ဒီနေ့အလုပ်တွေများနေတော့စဥ်းစားစရာများနေလို့ပါ.."
"ဒါပေမယ့်စိမ်းရယ်..ထမင်းလေးတော့ကုန်အောင်စားလိုက်ဦးတော်ကြာအားမရှိပဲနေမယ်.."
"အင်းပါ.."

စိမ်းထမင်းတစ်ဇွန်းကော်ပြီးစားလိုက်၏။
သို့သော်ဒီနေ့စားမဝင်တာတော့အမှန်ပဲ။
ကိုယ်ဘာကြောင့်ဒီလောက်ထိစိမ်းကိုလုပ်ရက်တာလဲနားမလည်တော့ဘူး။

စိမ်းသူ့အပေါ်ဘယ်တစ်ခု့များမှားခဲ့တာရှိလဲ။
ကလေးမယူနိုင်သေးတာလဲအပြစ်လို့ပြောမရပါဘူး။စိမ်းနဲ့သူနှစ်ဦးသဘောတူပြီးကလေးမယူဖြစ်ခဲ့တာလေ။
မာန်သူမ့ကိုကြည့်နေမိသည်။ထမင်းလည်းဆက်မစားပဲမျက်နှာညှိုးနေတာတစ်ခု့ခု့ဖြစ်ထားဟန်ပဲ။

"အမ.."
"ဘာလဲ.."
ဂျက်စီသောက်လက်စခွက်ကိုအောက်ချပြီးမာန်ကိုကြည့်လိုက်သည်။
"မမစိမ်း.ဘာဖြစ်နေတာလဲ.."
"မသိဘူး..တွေ့ကတည်းကအဲ့ပုံစံကြီး.."
"ဟုတ်လား.."

ချစ်ရပါသောWhere stories live. Discover now