Uni
💗နှလုံးသားခုံရုံးရဲ့ အယူခံ💗💗အပိုင်း ၂💗
"အခုဘယ်လိုလုပ်ကြမလဲ ဦးကောင်းမိုး၊ ဒီအတိုင်း ဒီအတိုင်း ကမ္ဘာစည်းကို အလျော့ပေးလိုက်ရအောင် မင်းလက်ရာဆိုတဲ့ ကျုပ်က အရူးကြီး ဖြစ်သွားမှာပေါ့"
ဦးကောင်းမိုး စိတ်ပျက်စွာ ဆိုဖာပေါ် လျော့ရဲရဲထိုင်ချလိုက်ပြီး
"မင်းက ဘာဖြစ်နေတာလဲ၊ အခု ပါသွားတာ ငါ့ သမီးပါကွာ၊ မင်း အေးအေးဆေးဆေး နေစမ်းပါ"
"ကျစ် ကျွန်တော်ဘယ်အချိန်အထိထိုင်စောင့်နေရမှာလဲ၊ ဘာလဲ မဒီ အဲ့အကောင်နဲ့ ကလေးရမှလား ဟာ ကျစ်၊ အခုလိုက်ရှာမယ်"
"ဒီမှာ မင်းလက်ရာ အရာရာတိုင်းက မင်းအလိုကျ ဖြစ်မယ် ထင်နေလား၊ ကမ္ဘာစည်းဆိုတဲ့ လူတစ်ယောက်ရဲ့ သြဇာညောင်းမှုက မင်းထင်ထားတာလောက် မသေချာဘူး"
"ဟာ ကျစ် ကျုပ်က ကမ္ဘာစည်းကို ဘာလို့ကြောက်နေရမှာလဲ အဓိပ္ပါယ်မရှိလိုက်တာ"
ဦးကောင်းမိုး မင်းလက်ရာကို တစ်ချက်ကြည့်လိုက်ပြီး
"မင်းက ဂရုမစိုက်ပေမယ့် ငါ့ကတော့ ဂရုစိုက်ရလိမ့်မယ်၊ အခုချိန်မှာ သူ့လက်ထဲရောက်နေတာ ငါ့ သမီးအရင်းကွ"
"ကျုပ်ကရော ကျုပ်အတွက်က သူက ကျုပ်ဇနီးလောင်းလေ"
"အဟွန့်"
ဦးကောင်းမိုး နှုတ်ခမ်းတွန့်ရုံ ရယ်လိုက်ပြီး
"ငါ့ သမီးက ကမ္ဘာစည်းလက်ထဲရောက်သွားပြီးပြီ၊ မင်းက ငါ့သမီး အပျိုမဟုတ်တော့ရင်တောင် ကြည်ဖြူစွာ လက်ထပ်နိုင်ပါမလား"
"အဲ့ အဲ့ဒါကတော့"
မင်းလက်ရာ၏ ပြန်ဖြေစရာ စကားတို့ ဆွံ့အသွားရလေသည်။ မဒီ ကို ကြည်ဖြူနိုင် မကြည်ဖြူနိုင်က သူ့ စိတ်ထဲမှာ အဖြေအတိအကျမရှိသေးပေ။ သူ့၏ အဖြေကို စောင့်ဆိုင်းနေသော ဦးကောင်းမိုး မဲ့ပြုံးပြုံးလိုက်မိလေသည်။
မင်းလက်ရာ မသိလိုက်တာက ကမ္ဘာစည်း လက်ထဲကို သမီးကို သူ့ကိုယ်တိုင်ထည့်ပေးလိုက်ခြင်းပင်။ ဒါဟာ ဖခင်တစ်ဦး အနေနှင့် အချစ်ကို ရူးမိုက်သည့် သမီးအတွက် ပျော်ရွှင်ခြင်း တစ်ခုဖန်တီးပေးခဲ့ခြင်းပေ။ ကမ္ဘာစည်း သမီးလေးကို အမှန်တကယ် ချစ်မြတ်နိုးသည့်ကိုလည်း ယုံကြည်နေခြင်းကြောင့်ပင်။
YOU ARE READING
နှလုံးသားခုံရုံးရဲ့အယူခံ
Romance"ကိုယ့်မင်းကိုချစ်တာ မင်းဒယ်ဒီကို မုန်းနေတာနဲ့ မဆိုင်ဘူး ပျို။ မင်းက မင်းဖြစ်နေလို့ကို ကိုယ့်က ချစ်တာ" ကမ္ဘာစည်း "ပျို ဦး ကို မုန်းတယ်။ ပျို နှလုံးသားကိုအရုပ်ကလေးတစ်ရုပ်လို ဆော့ကစားခဲ့လို့ ဦး ကို မုန်းတာ" ပျိုမဒီ