9 U/Z

1.3K 21 0
                                    

Uni

💕နှလုံးသားခုံရုံးရဲ့ အယူခံ💕

💕အပိုင်း ၉💕

"ကိုယ်တို့လမ်းခွဲကြရအောင်"

တည်ငြိမ်နေသည့် ကန်ရေပြင်ကို စည်း အဓိပ္ပါယ်မဲ့စွာငေးကြည့်ရင်း  နာကျင်မှု များစွာဖြင့် စကားဆိုလာလေသည်။ ပျို မထင်မှတ်ထားသော စကားတစ်ခွန်းကို ကြားလိုက်ရသဖြင့် နှုတ်ခမ်းကို မဲ့လိုက်ပြီး

"ကျွန်မ ထင်သားပဲ၊ ရှင် ကျွန်မကို တစ်နေ့လမ်းခွဲ စကားစကားပြောမှာ သိနေသားပဲ အဟက်"

ခြောက်ကပ်စွာ လှောင်ရယ်ရယ်ပြီး ပြန်လည်ချေပလာသော ပျို စကားတွေကြောင့် စည်းပင် ကြောင်တောင်တောင်ဖြစ်သွားရလေသည်။

"ထားပါ ဒါတွေ၊ ကျွန်မ မေးတာ တစ်ခုပဲ ရှင် အမှန်တိုင်းဖြေ"

"မေးပါ"

ချစ်ရသူ မိန်းကလေးကို စွန့်လွှတ်ရတော့မည် ဆိုသော အသိက သူ့ နှလုံးသားကို နာကျင်စေသလို သူ့ ရင်အစုံမှာလည်း ဗလာကျင်းနေပြီ ဖြစ်သည်။

"ရှင် ပါးစပ်က ကျွန်မကို ဘာလို့ ချစ်တယ် ဆိုတဲ့ စကား လွယ်လွယ်ပြောခဲ့တာလဲ"

ဘာလို့ချစ်တယ်ဆိုတဲ့ စကား အလွယ်ပြောတာလဲတဲ့။ ကိုယ့် အလွယ်မပြောခဲ့ပါဘူး ပျို။ ကိုယ့် မင်းကို တကယ်ချစ်ခဲ့တာပါ။

စိတ်တွင် တီးတိုးသာ ဆိုမိပြီး တကယ် ပြောလိုက်မိသည့်က

"မင်းကလှတယ်၊ ဒါကြောင့် ကိုယ့် စိတ်ကစားမိရုံပါ၊ကိုယ့် မင်းကို မချစ်ခဲ့ဘူး ပျို"

"ဖြန်း"

"ဖြန်း"

နာကျဥ်းချက်ကြောင့် လွှဲရိုက်လိုက်သော သူ့ ပါးပြင်မှာ သူမ ၏ အမုန်းတံဆိတ်ခက်လိုက်လေသလား။ စိမ်းသက်နေသော သူမ မျက်ဝန်းတွေမှာ အမုန်းရိပ်တွေ စွန်းထင်းနေသည့်ကို သူ့ တွေ့လိုက်ရလေသည်။

"ကျွန်မ ရှင့်ကို မုန်းတာထက် ရွံ့သွားတာ ဦးကမ္ဘာစည်း၊ ရှင့်လို လူက  အချစ်ဆိုတဲ့ ရသ အစစ်ကို မခံစားတတ်တာ ပေါ်လွင်သွားတာပဲ၊ သေချာတာတော့ ဒီနေ့ဟာ ကျွန်မအတွက် ပြသဒါးနေ့ပဲ၊ နောက်နေ့တော့ ရက်ရာဇာပဲ၊ ဘာလို့လဲ သိလား ကျွန်မ ဘဝမှာ ရှင်ဆိုတာ မရှိတာက ကောင်းမွန်တဲ့ အနာဂါတ်ဖြစ်သွားတာမို့လေ အဟက်၊ good by ဦးကမ္ဘာစည်း"

နှလုံးသားခုံရုံးရဲ့အယူခံ   Where stories live. Discover now