Uni
💟နှလုံးသားခုံရုံးရဲ့ အယူခံ💟
💟အပိုင်း ၁၉💟
"ဒယ်ဒီ ဒယ်ဒီက စံထားမှီ စံထားမှီက ဒယ်ဒီ ဒယ်ဒီ သမီးပေါ့"
မယုံနိုင်သော မျက်ဝန်းများဖြင့် ဖခင်ဖြစ်သူကို ကြည့်ရင်း မေးလာသူက ပျို ဖြစ်သည်။
"သမီး အဲ့ဒါ ဒယ်ဒီရှင်းပြ"
"ဘာလဲ မိန်းမတစ်ယောက် အပေါ် ဒယ်ဒီ ပြောပြဦးမလို့လား၊ ပြီးတော့ ဦး "
တိုးလျှစွာ သူ့ကို ဦး ဟု ခေါ်လာသော ကလေးငယ်ကြောင့် စည်း နှလုံးသားမှာ ပရမ်းပတာ ခုန်ပေါက်သွားရလေသည်။ သူ သူ့ရဲ့ ကလေးငယ်က သူ့ကို ဦး တဲ့လား။ ဒီခေါ်သံလေး မကြားရသည့်မှာ မည်မျှ ကြာခဲ့ပြီလဲ။ အခုလိုခေါ်သံလေးကို သူ တမ်းတခဲ့ရသည့်မှာ မည်မျှကြာခဲ့ရပြီလဲ။
"ဦးကရေ ဒီကိစ္စတွေ သိနေရဲ့နဲ့ ဘာလို့ အမုန်းခံနေရတာလဲ"
သူမ ဆိုးသမျှ သည်းခံပေးခဲ့သော ဦးကို ပျို နာကျင်စွာ ငေးကြည့်မိလေသည်။ ပျို တစ်ဘဝလုံးကို လှည့်စားလိမ်ညာခဲ့သူက ပျို သိပ်ချစ်တဲ့ ဒယ်ဒီတဲ့လား။ ပျို ချစ်ရသည့် လူကြီးကတော့ ပျို အမုန်းတွေကို ရင်စည်းခံခဲ့သူတဲ့လား။
စည်း သူကို မျက်ဝန်းဝိုင်းလေးတွေဖြင့် မေးခွန်းထုတ်နေသော ချစ်ရပါသော မိန်းကလေးကို ချစ်မြတ်နိုးခြင်းများစွာဖြင့် ငေးကြည့်ပြီး
"ကိုယ့်ဘဝမှာ မနာကျင်စေချင်ဆုံး သူကို ပြပေးပါဆို မင်းပါပဲ ပျိုရယ်"
"လူဆိုးကြီး ရှင် အဲ့လိုလုပ်ခဲ့တာ ကျွန်မရော မနာကျင်ခဲ့ဘူး ထင်လား၊ ရှင့်ကြောင့် ရှင့်ကြောင့် ပျို အရမ်းနာကျင်ခဲ့ရတာ ရှင်သိလား"
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျအောင် ငိုရှိုက်နေသော ချစ်ရသူလေးရဲ့ လက်ကို စည်း ဖွဖွလေး ဆုတ်ကိုင်ပြီး
"ဒီကာလတွေမှာ ကိုယ့် အဆင်မပြေခဲ့ဘူး ပျိုရယ်"
"အားလုံးက ဒယ်ဒီအပြစ်တွေပါ သမီးရယ်၊ မောင်ကမ္ဘာစည်းကိုလည်း အန်ကယ်တောင်းပန်ပါတယ်၊ သမီးလေး စံထားမှီကို အန်ကယ်သမီးအဖြစ် တရားဝင်ချစ်ပါရစေ၊ ပြီးတော့ သမီးငယ်ကို အန်ကယ်ရင်ခွင်ထဲထားဖို့ အန်ကယ်ခေါ်သွားပါရစေ၊ ယွန်းစံမှီ အပေါ်မှာ တာဝန်မကျေခဲ့သမျှ သမီးလေးမှီ အပေါ်မှာတော့ တာဝန်ကျေပါရစေ"
YOU ARE READING
နှလုံးသားခုံရုံးရဲ့အယူခံ
Любовные романы"ကိုယ့်မင်းကိုချစ်တာ မင်းဒယ်ဒီကို မုန်းနေတာနဲ့ မဆိုင်ဘူး ပျို။ မင်းက မင်းဖြစ်နေလို့ကို ကိုယ့်က ချစ်တာ" ကမ္ဘာစည်း "ပျို ဦး ကို မုန်းတယ်။ ပျို နှလုံးသားကိုအရုပ်ကလေးတစ်ရုပ်လို ဆော့ကစားခဲ့လို့ ဦး ကို မုန်းတာ" ပျိုမဒီ