Uni
💟နှလုံးသားခုံရုံးရဲ့ အယူခံ💟
💟အပိုင်း ၅💟
တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့ညက သီတင်းကျွတ် လပြည့်နေ့။ သူမနှင့် စည်း၏ ဒုတိယအကြိမ် တွေ့ဆုံကြသည့် နေ့ရက်ဆို ပိုမှန်လေသည်။
ရွှေတိဂုံ ဘုရားရင်ပြင်မှာ ပျို ပန်းဆီးမီး ရေချမ်းကပ်လှူပြီး ဘုရားဖူးခြင်းကို အဆုံးသတ်လိုက်လေသည်။ ထိုနောက် အလှူခံ ဌာနမှာ အလှူခံသွားထည့်လိုက်လေသည်။
"၅၀၀၀ လှူမယ်"
"ကျွန်တော်လည်း ၅၀၀၀ လှူမယ်၊ ၅၀၀၀ ပြန်အမ်း"
"ဟမ်"
သူမ ဘေးကို လှည့်ကြည့်လိုက်တော့ ဟိုတစ်ခါ သူမ စက်ဘီးနှင့် ဝင်တိုက်မိသည့် လူဖြစ်နေလေသည်။
အို ဒီလူ။
သူမကို မျက်လုံးမှိတ်ပြကာ ငွေ ၁၀၀၀၀ တန်ရွက်ကို ဂေါပက လူကြီးထံ လှမ်းပေးနေလေသည်။
သူမလည်း ၁၀၀၀၀ တန်တစ်ရွက်ကို ထုတ်ပြီး ပေးလိုက်တော့ ဂေါပက လူကြီးက
"နှစ်ယောက်လုံးကို ပြန်အမ်းရမှာလား"
"အင်းလေ၊ ပြန်အမ်းရမှာမို့ ၊ ၅၀၀၀ ပဲ လှူမှာလေ"
ဂေါပက လူကြီးက ခေါင်းကို ကုတ်လိုက်ပြီး
"အဲ့လိုဆို ဒီလိုလုပ်၊ တူလေး နဲ့ တူမလေးပဲ ဒီ ၁၀၀၀၀ ထဲက ၅၀၀၀ စီခွဲယူလိုက်ကြလေ၊ ဦးလေးက အကြွေပေးဖို့ မရှိလို့ပါ"
"ဟမ် ကျွန်မက"
ပျို မျက်နှာလေး ရှုံ့မဲ့စွာဖြင့် သူမအား မျက်ဝန်းညိုကြီးတွေနှင့် ကြည့်နေသော လူကြီးကို မနှစ်မြို့ဖွယ် တစ်ချက်ကြည့်ပြီး စိတ်ရှုပ်သွားမိလေသည်။
"ရပါတယ် ကျွန်တော်နဲ့ ဒီမိန်းကလေးက အသိတွေပါ၊ ရတယ် ရတယ် ကိစ္စမရှိဘူး"
ငွေစက္ကူလေးကို ပြန်ယူပြီး
"ကျွန်တော် နာမည် ကမ္ဘာစည်းပါ"
"ဒီက မိန်းကလေးက"
"ပျိုမဒီပါ"
ဂေါပက လူကြီးအား နာမည် စရင်းတွေပေးပြီး နှစ်ယောက်သား ပြန်ထွက်လာခဲ့ပြီး

YOU ARE READING
နှလုံးသားခုံရုံးရဲ့အယူခံ
Romance"ကိုယ့်မင်းကိုချစ်တာ မင်းဒယ်ဒီကို မုန်းနေတာနဲ့ မဆိုင်ဘူး ပျို။ မင်းက မင်းဖြစ်နေလို့ကို ကိုယ့်က ချစ်တာ" ကမ္ဘာစည်း "ပျို ဦး ကို မုန်းတယ်။ ပျို နှလုံးသားကိုအရုပ်ကလေးတစ်ရုပ်လို ဆော့ကစားခဲ့လို့ ဦး ကို မုန်းတာ" ပျိုမဒီ