11 U/Z

2.2K 31 0
                                    

Uni

💟နှလုံးသားခုံရုံးရဲ့ အယူခံ💟

💟အပိုင်း ၁၁💟

"ဒယ်ဒီ"

ပျို ခြေလှမ်းတွေ အိမ်ထဲခြေချလိုက်သည့်နှင့် ပျို ကို ရင်ခွင်ကြီး ဖွင့်ပြီး ကြိုဆိုနေသော ဒယ်ဒီက မျက်နှာမှာ အပြုံးတွေ ဝေနေလေသည်။

သူမ ဒယ်ဒီရင်ခွင်ထဲဖက်တွယ်ဝင်လိုက်တော့

"ဒယ်ဒီတောင်းပန်ပါတယ် သမီးရယ်၊ အားလုံးက ဒယ်ဒီ အပြစ်တွေပါ"

ဉီးကောင်းမိုး သမီးငယ်လေးကို ကြည့်ပြီး ရင်တွင်းမချိပေ။ သမီးငယ်လေး သူ့ အရိပ်က စွန့်ခွာသွားသည့်မှာ အတော်ကြာခဲ့လေပြီ။ ဒါတွေကလည်း သူ့ အပြစ်တွေမို့ သက်ပြင်းမောကိုသာ ကြိတ်ရှိုက်လိုက်မိလေသည်။

"ဒယ်ဒီ သမီးနားမှာသာ မရှိနိုင်ခဲ့တာ၊ သမီး အရိပ်တိုင်းမှာ ဒယ်ဒီရှိနေပါတယ် သမီးရယ်၊ ဒယ်ဒီ နောက်တစ်ခါ သမီးမကြိုက်တဲ့ အပြုအမူမျိုး မလုပ်တော့ပါဘူး သမီးရယ်၊ ပြီးခဲ့တာတွေအတွက် ဒယ်ဒီတောင်းပန်ပါတယ်"

"ဒယ်ဒီရယ်"

သားဖနှစ်ဉီး ငြိမ်းချမ်းရေးရသွားသည့်နှင့် အရာရာအားလုံးက ပကတိအေးချမ်းလျှက်ရှိလေသည်။ သားဖနှစ်ဉီး၏ ပီတိက ဘာနှင့်မျှ ယှဉ်၍ ပြစရာမလိုတော့အောင်ပင် ဖြစ်သည်။

ဒီလိုနေ့မျိုးရောက်လာဖို့ ပျို နေ့စဉ်နှင့် အမျှ မျှော်လင့်ခဲ့ရသည့် မဟုတ်လား။

အရာရာအားလုံးအတွက် ကျေးဇူးပါ ဒယ်ဒီရယ်။
                     💟💟💟

"မင်းလိုကောင်က ဒီလိုအလျော့ပေးမယ်လို့ မထင်ထားဘူး၊ ဟား ဟား"

ပါတီတစ်ခုရဲ့ အလယ်မှာ စည်း နှင့် ဉီးကောင်းမိုး မျက်လုံးချင်း စစ်ခင်းနေလေသည်။

မြန်မာပြည်ရဲ့ ဟိုတယ်လုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေ တွေ့ဆုံရင်းနှီးဖလှယ်သည့် ဒီပွဲမှာ "ယွန်းစံမှီ" ဟိုတယ်ပိုင်ရှင် ကမ္ဘာစည်း  နှင့် "ဧရာမျိုးနွယ်" ဟိုတယ်ပိုင်ရှင် ဉီးကောင်းမိုးတို့လည်း တက်ရောက်ခဲ့ကြလေသည်။

စည်း လက်ထဲက ဝိုင်ခွက်ကို လှုပ်ခါးရမ်းရင်း မျက်နှာကို မဲ့ကာဖြင့်

နှလုံးသားခုံရုံးရဲ့အယူခံ   Where stories live. Discover now