18 U/Z

2.6K 34 0
                                    

Uni

💟နှလုံးသားခုံရုံးရဲ့အယူခံ💟

💟အပိုင်း ၁၈💟

ပျို စိတ်အစဉ်တို့သည် ဘယ်အရာမှ အဆင်ပြေမနေပေ။ ထိုကြောင့် ပျို စိတ်တွေအဆင်ပြေစေရန်  ကိုကိုရှိရာသို့ ထွက်ခဲ့လိုက်လေသည်။  ကိုကို့ ကုမ္ပဏီရောက်လေတော့ ကိုကို့ကို အပြင်ခေါ်ထုတ်ပြီး စိတ်ကြိုက် အပြင်ထွက် လည်ပစ်လိုက်မိလေသည်။

ကိုကို့ မင်းလက်ရာနှင့်အတူ ရုပ်ရှင်ရုံနှင့် ပန်းခြံသွားကာ စိတ်လွှတ်ကိုယ်လွှတ်ပျော်ပါးရင်း တစ်နေ့တာ အချိန်ကို အပြင်မှာသာ ကုန်ဆုံးခဲ့လေသည်။ ညစာကိုလည်း ကိုကို့ကပင် လိုက်ကျွေးသဖြင့် ပျို ညစာကိုလည်း အပြင်မှာသာ စားဖြစ်ခဲ့လေသည်။

"ကျေးဇူးပါနော်ကိုကို"

အိမ်ရှေ့ကားရပ်လိုက်သည့်နှင့် ကားပေါ်က ဆင်းလိုက်ပြီး ပြောလာသည့် ပျို ၏ စကားဖြစ်သည်။

မင်းလက်ရာလည်း ကားပေါ်မှ ဆင်းကာ သူမဘေးတွင် ကပ်ကာ မတ်တပ်ရပ်လိုက်ပြီး

"ဘာပဲဖြစ်ဖြစ် ကိုယ့်ငယ်လေး ဒီနေ့ပျော်ခဲ့တယ် မဟုတ်လား"

"အင်း ဟုတ်တယ်၊  ပျော်တယ် ဒီနေ့၊ အိမ်မှာနေပြီး ရှုပ်ထွေးနေတဲ့ စိတ်တွေက အပြင်ထွက် ကိုကို့နဲ့ လျှောက်လည်လိုက်တော့  အနည်းငယ်တော့ စိတ်သက်သာသွားတာ အမှန်ပဲ"

"မင်းပျော်ရင် ကိုကို့ကျေနပ်ပါတယ် ကလေးရယ်"

ကောင်းကင်ကြီးကို မော့ကြည့်ပြီး စကားတွေဆိုနေသော ကောင်မလေးကို ကြည့်ပြီး သူ့ရင်တွင်းမှာသာ တိုးတိုးလေးဆိုညည်းမိလေသည်။

ကိုယ့်ဆိုတဲ့ကောင်က ချစ်ရသူကို မပိုင်ဆိုင်ရလည်း ငေးကြည့်နေရလျှင် ကျေနပ်နေတတ်သည့် ကောင်ဖြစ်နေ၍ ချစ်ရသူလေး၏ ပျော်ရွှင်မှုသည့်သာ သူ့အတွက်အရာရာဖြစ်သည်။
                    💟💟💟

လမ်းဘေးမီးတိုင်အောက်မှာ မြင်နေရသည့် လူနှစ်ဦးရဲ့ ပုံရိပ်ကို ကြည့်ပြီး စည်း မျက်ဝန်းတွေမှာ နာကျင်မှုတွေ ဖြစ်ထွန်းနေကာ ထိုမြင်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားလိုက်မိလေသည်။ ကိုယ့်မြတ်နိုးတန်ဖိုးထားခဲ့ရသည့် ပန်းကလေးက အခြားသူရှေ့မှာ ပျော်မြူးနေသည့် ပုံရိပ်က ကမ္ဘာစည်းဆိုသော လူသား၏ နှလုံးသားကို သွေးစိမ်းရှင်ရှင်ကျသည့်ထက်နာကျင်စေခဲ့လေသည်။

နှလုံးသားခုံရုံးရဲ့အယူခံ   Where stories live. Discover now