12 U/Z

1.3K 22 0
                                    

Uni

💟နှလုံးသားခုံရုံးရဲ့ အယူခံ💟

💟အပိုင်း ၁၂💟

"မမ ဘာဖြစ်နေတာလဲ၊ နေမကောင်းဘူးလား"

စည်း သတိထားမိသလောက် ဒီရက်တွေထဲ မမ ငြိမ်ချက်သားကောင်းနေသလို စည်း နှင့်ပင် စကားကို ဟက်ဟက်ပက်ပက်ပြောမလာချေ။

ယွန်း စိတ်နှင့်လူပင် မကပ်နိုင်လောက်အောင် ငေးငိုင်နေရလေသည်။ သူမ သူမရဲ့အမှားတစ်ခုကြောင့် ဘဝတစ်ခုလုံး ရင်းခဲ့ရသည့် နာကျင်မှုတွေ။ အခု အပြစ်မရှိသော ရင်သွေးက သူမ ဘဝထဲရောက်လာပြန်တော့  သူမ မည်သို့ရှေ့ဆက်ရမည်နည်း။ ဒါတွေဟာ သူမ ပေါ့ဆမှုကြောင့် ဖြစ်လာရသည့်မို့~~~။

ခန္ဓာကိုယ်ကို တသိမ့်သိမ့်တုန်ကာငိုရှိုက်နေလေသော ယွန်းကြောင့် စည်း ပခုံးနှစ်ဖက်ကို ဖိဆုတ်လိုက်ပြီး

"မမ စည်း မေးနေတယ်လေဗျာ၊ မမ ဘာဖြစ်နေတာလဲဗျာ"

စည်း စိတ်အလိုမကျစွာ မေးမိလေတော့ ယွန်း မောင် ဖြစ်သူကို ဝမ်းပန်းတနည်း ကြည့်ပြီး ခပ်တင်းတင်းဖက်ကာ ငိုမိလေသည်။

"မမ "

"မမ ဘာဖြစ်နေတာလဲ မမ"

ဘာမှမပြောဘဲ ငိုနေသော အစ်မကို ကြည့်ပြီး စည်း ရင်ထဲတင်းတင်းကျပ်ကျပ်ဖြစ်လာရကာ

"ဘာဖြစ်တာလဲ မမ၊ မောင်လေးကို ပြောစမ်း"

"ဟီး ဟီး ၊ မောင်လေး၊ မမ~~~မမ ဘဝပျက်ပြီ ဟီး ဟီး"

"ဘာ~~~"

"ဘာပြောလိုက်တယ်"

စည်း မျက်ခုံးနှစ်ခုကို တွန့်ချိုးလိုက်ပြီး

"ဘာပြောလိုက်တယ် မမ၊ ပြန်ပြောစမ်းပါ"

"ငါ့ ငါ့ မှာ ကိုယ်ဝန်ရှိနေပြီ ဟီး"

"ဘာ!"

ယွန်းရဲ့ ငိုရှိုက်သံနှင့် စည်းရဲ့ "ဘာ" ဟု သော အသံက တစ်ထပ်တည်းထွက်ပေါ်လာခဲ့လေသည်။

"ငါ့ ငါ့မှားပါတယ် မောင်လေးရယ်၊ မမလေ မော်ဒယ်မဖြစ်ချင်ခဲ့ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး"

"နင် ဟာကွာ၊ တောက်!"

ပြင်းထန်သော တောက်ခက်သံနှင့် အတူ သူ့ မျက်ဝန်းတွေ မှိုင်းညို့ခက်ထန်နေလေသည်။

နှလုံးသားခုံရုံးရဲ့အယူခံ   Where stories live. Discover now