Uni
💟နှလုံးသားခုံရုံးရဲ့အယူခံ💟💟အပိုင်း ၁၆💟
"အခုချိန်မှာ အရာရာအားလုံးက ပြင်ဆင်ခွင့် မရနိုင်တော့မှန်း အန်ကယ်သိပါတယ်၊ ပြီးခဲ့တာတွေ အားလုံးအတွက်လဲ စိတ်ရင်း နဲ့ တောင်းပန်ပါတယ်"
"ခင်ဗျားကြီး ပါးစပ်က တောင်းပန်တယ်ဆိုတဲ့ စကားနဲ့ အရာရာသင်ပုန်းချေလို့ ရသလားဗျ၊ ခင်ဗျားက ခံခဲ့ရသူ မဟုတ်ဘူး၊ ကျုပ်တို့ ကျုပ်တို့က ခံခဲ့ရသူဗျ၊ ခင်ဗျားလို လူစိတ်မရှိတဲ့ လူကြောင့် မိန်းမငယ်လေး တစ်ယောက် ဘဝပျက်ခဲ့ရတယ်၊ လူမမယ် ကလေးတစ်ယောက် မိဘမဲ့ဖြစ်ခဲ့ရတာတွေ တန်ရဲ့လား၊ တန်ရဲ့လား ခင်ဗျား ကျုပ်ကို ပြော၊ ကျုပ်ကို ပြောစမ်း ဦးကောင်းမိုး"
ဦးကောင်းမိုး၏ အင်္ကျီကော်လံစကို စောင့်ဆွဲလိုက်သော စည်း ၏ မျက်ဝန်းတွေမှာ ဒေါသမီးလျှံအခိုးအငွေ့တွေ အရှိန်ပြင်းပြင်းတောက်လောင်နေလေသည်။ ဒီတစ်ခါတော့ ဦးကောင်းမိုး တစ်ယောက် စည်းကို ဘာတစ်ခုမျှ မတုန့်ပြန်နိုင်တော့ချေ။ အရာရာအားလုံးက သူ့ အမှားတွေမိုး စည်း သတ်လေလျှင်လည်း လည်စင်းပေးရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
"တောက် ခင်ဗျား ဗျာ"
ဦးကောင်းမိုးကို ဆွဲထိုးရန် ပြင်ပြီးမှ သူ့ လက်တွေကို ပြန်ရုတ်လိုက်ပြီး
"အခုချိန်မှာ ခင်ဗျားကို သတ်လိုက်လည်း ကျုပ် အစ်မကို အစားပြန်မရဘူးဗျ၊ ကျုပ် ဘဝမှာ ဘယ်အရာမှ အစားပြန်မရနိုင်တော့ဘူး၊ ခင်ဗျား သိလား၊ ကျုပ် အစ်မ၊ ကျုပ် ချစ်သူ၊ အရာရာအားလုံး ကျုပ်ဆုံးရှုံးခဲ့တာ ခင်ဗျားသိရဲ့လား"
စည်း တစ်ယောက် ဦးကောင်းမိုးကို အော်ဟစ်ပြောဆိုပြီး ကြမ်းပြင်မှာ ဒူးထောက်ထိုင်ချလိုက်သည့်က အသက်မဲ့နေသည့် လူတစ်ဦးအလား။
"ကျုပ်ဘဝမှာ သမီးပဲရှိတော့တယ်၊ သမီးက ကျုပ်ဘဝပဲ ၊ သမီးကိုသာ ထပ်ပြီးဆုံးရှုံးရရင် ကျုပ် ဘဝကြီးက သွားပြီ"
ဦးကောင်းမိုး တစ်ယောက် သူ့ အရှေ့တွင် အရှုံးသမားတစ်ယောက်လို ပုံကျသွားသော စည်း ကို ကြည့်ပြီး ပထမဆုံး အကြိမ် စည်းအပေါ် ဂရုဏာသက်မိလိုက်ခြင်း ဖြစ်သည်။
YOU ARE READING
နှလုံးသားခုံရုံးရဲ့အယူခံ
عاطفية"ကိုယ့်မင်းကိုချစ်တာ မင်းဒယ်ဒီကို မုန်းနေတာနဲ့ မဆိုင်ဘူး ပျို။ မင်းက မင်းဖြစ်နေလို့ကို ကိုယ့်က ချစ်တာ" ကမ္ဘာစည်း "ပျို ဦး ကို မုန်းတယ်။ ပျို နှလုံးသားကိုအရုပ်ကလေးတစ်ရုပ်လို ဆော့ကစားခဲ့လို့ ဦး ကို မုန်းတာ" ပျိုမဒီ