14 U/Z

2.4K 32 0
                                    

Uni

💟နှလုံးသားခုံရုံးရဲ့အယူခံ💟

💟အပိုင်း ၁၄💟

အတိတ်တွေကို ပြန်တွေးမိပြန်တော့ နာကျင်မှုက မျက်ရည်အဖြစ် ပြောင်းခဲ့ရပြန်ပါပြီ။ လက်ရှိအခြေကရော။ လက်တလောအခြေအနေလည်း မထူးခြားခဲ့ပါဘူး။ ချစ်ရလွန်းသည့် မိန်းကလေးကို စွန့်လွှတ်လိုက်ရသည့် ခံစားချက်ကြီးက အတော်ကိုမှ အဆင်မပြေခဲ့ပေ။ 

ဟူး~~~။
လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး သူ့ ရင်ထဲက နာကျင်မှုတွေကို အပြုံးတွေနှင့်  ဖုံးကွယ်နေရသည့်က သိပ်တော့ အဆင်မပြေလှပေ။

"သခင်လေး"

အခန်းပြတင်းပေါက်မှ တဆင့် အပြင်ဘက်ကို မျှော်ငေးကြည့်နေသော သူ့မျက်ဝန်းအကြည့်တွေက နောက်ပါးမှ လူထံသို့ အကြည့်တွေ ရွေ့လျားသွားရလေသည်။

"အော် ကိုမောင်သိန်း၊ ထိုင်လေ"

အခန်းထဲရှိ ဆိုဖာပေါ်တွင် မောင်သိန်းကို ထိုင်စေပြီး မောင်သိန်းနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်လေသည်။

"ပြောပါဦး"

မောင်သိန်းက လက်ထဲတွင် ပါလာသော စာရွက်စာတမ်းတစ်ချို့ကို စားပွဲပေါ်တင်ပေးလိုက်ပြီး

"ဟိုတလောက ပြင်ဦးလွင်က သခင်လေးဝယ်ဖို့ စီစဥ်ထားတဲ့ ခြံကို မင်းလက်ရာ ဆိုတဲ့လူ ဝယ်သွားပြီတဲ့ သခင်လေး၊ ဒီလူက ကာလပေါက်စျေးထက် နှစ်ဆပေးဝယ်သွားတယ် ကြားတယ်"

"ဟုတ်လား"

စည်း စားပွဲပေါ်က ဖိုင်တွေကို တစ်ခုချင်း ယူကြည့်ပြီး မျက်ခုံးကို တွန့်ကြုတ်လိုက်မိလေသည်။ မင်းလက်ရာနှင့် သူ့ ကြားမှာ ရန်ငြိုးမရှိလေဘဲ ဘာ့အတွက်ကြောင့်  သူ့ ဟိုတယ်လုပ်ငန်းအတွက် ရည်ရွယ်ထားသည့် မြေနေရာကို ၂ဆပေးဝယ်သွားရသည့်ကို စဥ်းစားမရ ဖြစ်မိသူက စည်း ဖြစ်နေလေသည်။
                        💟💟💟

"အန်ကယ်က ဒီမြေကွက်ကို ဘာလုပ်မလို့လဲ"

မြေကွက်စာချုပ်တွေကို ဦးကောင်းမိုးလက်ထဲထည့်ပေးပြီး လက်ရာမေးလိုက်ခြင်း ဖြစ်သည်။ ဦးကောင်းမိုး မြေစာချုပ်တွေကို ကြည့်ကာ သဘောကျစွာပြုံးလိုက်မိလေသည်။

နှလုံးသားခုံရုံးရဲ့အယူခံ   Where stories live. Discover now