10 U/Z

2.4K 34 0
                                    

Uni

💟နှလုံးသားခုံးရုံးရဲ့ အယူခံ💟

💟အပိုင်း ၁၀💟

အချစ်ဆိုသည့် အရာကို လက်တည့်မစမ်းရဘူး ဆိုသည့်က သိပ်ကို မှန်သည်။ ယခုဆို အချစ်ကြောင့် ပျို ပူလောင်ခံစားတတ်ခဲ့ပြီ ဖြစ်သည်။ သိပ်တော့ ထူးပြီး ပျို ဝမ်းနည်မနေတော့ပါ။ လူဆိုတဲ့ အမျိုးက  သေမျိုးတွေကြီးမို့ မဲ့ ပြုံးတွေနှင့် ပျို သူကိုမေ့နိုင်အောင် ကြိုးစားမည်။

"ပျိုရေ ဧည့်သည်ရောက်နေတယ်"

နွယ်နီ စကားကြောင့် အပြင်ထွက်ဖို့ ပြင်ဆင်နေသော ပျို လက်တွေ ရပ်တန့်သွားရလေသည်။

"ဘယ်သူလဲ"

ပျော့ပျောင်းလှသော ဆံနွယ်လေးနများကို ခေါင်းစည်းကွင်းသေးသေးလေးဖြင့် စုချည်လိုက်ပြီး မေးလိုက်လေတော့ မယ်ခက သူမကို ရယ်၍ ကြည့်လိုက်ပြီး

"ခပ်သန့်သန့် လူကြီးတစ်ယောက်ပဲ အဟီး"

"ဟင်"

"ကိုကိုလက်ရာ"

ပျို တစ်စုံတစ်ခုကို သတိရသွားသလိုဖြင့် နှုတ်ခမ်းထူထူလေးကို ကွေးညွှတ်နေအောင် ပြုံးရင်း အခန်းထဲမှ ပြေးထွက်လာခဲ့လေသည်။

တကယ် တကယ်ပါပဲ။ ပျို ရဲ့ အစ်ကိုအရင်းတစ်ယောက်လို ချစ်ရပါသော ကိုကို မင်းလက်ရာ။

"ဘယ်တုန်းက ပြန်ရောက်တာလဲ ကိုကို"

အဆောင်ရဲ့ ဧည့်သည်ခန်းမှာ ထိုင်စောင့်နေသော မင်းလက်ရာက ထင်ထားသည့်ထက် သန့်ပြန်ချောမောလွန်နေလေသည်။

မိန်းမချော ချောနေလေသော အစ်ကိုဖြစ်သူ လူညိုချောကြီးကို ကြည့်ပြီး ပျို အတော်လေးကို ကျေနပ်သွားမိလေသည်။ အစ်ကို အရင်းမဟုတ်ခဲ့သော်လည်း ကိုကိုက သူမရဲ့ အစ်ကို အရင်းပဲ မဟုတ်လား။

"ခွေးပေါက်လေး အိမ်ပြန်မနေဘူးလား"

လက်ရာ အမေးကြောင့် ပျို သူဘေးတွင် ဝင်ထိုင်လိုက်ရင်း

"မပြန်ချင်တော့ဘူး ကိုကို၊  ဒယ်ဒီကို ပျို စိတ်အရမ်းပျက်နေပြီ"

သူမ ဆိုလာသော စကားက သွေးအေးသတ္တဝါလေးလို တည်ငြိမ်လွန်းနေလေသည်။
လက်ရာ သူမ ဦးခေါင်းကို ဖွဖွလေးပွတ်ရင်း

နှလုံးသားခုံရုံးရဲ့အယူခံ   Where stories live. Discover now