Uni
💟နှလုံးသားခုံရုံးရဲ့အယူခံ💟
💟အပိုင်း ၁၇💟
ပြီးခဲ့ပြီးသော အဖြစ်အပျက်တွေကို ပြန်တွေးတောရင်း စည်း သက်ပြင်းဖွဖွသာ ရှိုက်လိုက်မိလေသည်။ ဦးကောင်းမိုးသည့် သူ့ကတိ စကားအတိုင်း သူ့ လူယုံမှ တစ်ဆင့် ပျို ကို သူ့လက်ထဲရောက်အောင် ပို့ပေးခဲ့လေသည်။ ချစ်ရသူကို ပိုင်ဆိုင်ခဲ့ရသော်လည်း ချစ်ရသူ၏ အမုန်းဒဏ်ကတော့ သူ့ ရင်ထဲမှာ ဆူးများလို နာကျင်နေမြဲ ဖြစ်သည်။
"ဒယ်ဒီ"
ဘယ်အချိန်ကတည်းက အနားကို ရောက်နေသည့် မသိသော သမီး ခေါ်သံကြောင့် စည်း ဝဲတက်နေသော မျက်ရည်တွေကို ဖယ်ရှားလိုက်မိလေသည်။
"ဒယ်ဒီ အရမ်းပင်ပန်းနေလားဟင်"
မှီ ဒယ်ဒီ ဘယ်နားမှာ ဝင်ထိုင်လိုက်ပြီး ဒယ်ဒီကို မေးလိုက်ခြင်း ဖြစ်သည်။ ဒယ်ဒီဆိုတာ မှီ အတွက် ဖခင်အရင်းပင် မဟုတ်လား။
"သမီးကြောင့် ဒယ်ဒီအရမ်းပင်ပန်းခဲ့မှာပဲနော်"
မှီလေး ဆိုသည့်မှာလည်း အသက်အရွယ်နှင့် မလိုက်အောင် လိမ္မာရေးခြား ရှိသူလေး ဖြစ်သည်။ ထိုကြောင့်လည်း ကမ္ဘာစည်း အချစ်ပိုခဲ့ရလေသည်။
"ပင်ပန်းလားဆိုတော့ ဒယ်ဒီစိတ်တွေ အရမ်းထုံထိုင်းနေတာတော့ အမှန်ပါပဲ၊ ဒါပေမယ့် လောကဓံတရားရဲ့ ရိုက်ချက်ပြင်းတွေက ဒယ်ဒီအတွက် အတော်ကို နေသားကျနေခဲ့ပါပြီ သမီးလေးရယ်"
ရီဝေနေသည့် ဒယ်ဒီမျက်ဝန်းတွေမှာ ရီဝေနေလေသည်။ သို့သော်ရီဝေနေသည့် ဒယ်ဒီမျက်ဝန်းတွေမှာ နာကျင်မှု အရိပ်အယောင်တွေ စွန်းထင်းနေသည့်ကို မှီ အထင်းသား တွေ့နေရလေသည်။ ဒယ်ဒီရဲ့ သမီးတစ်ယောက် အနေဖြင့် ဒယ်ဒီအတွက် မှီ ဘာလုပ်ပေးနိုင်မလဲ။ ဒါက မှီအတွက် တွေးစရာတစ်ခုဖြစ်လာရပြီ ဖြစ်သည်။
💟💟💟ညရဲ့ တိတ်ဆိတ်မှုအောက်မှာ ပျို အတွေးပေါင်းများစွာဖြင့် အိပ်မပျော်နိုင်ခဲ့ပါလေ။ လူတစ်ယောက်ကို မည်မျှပင် ပျို ချစ်မိနေပါစေ။ ထိုလူ၏ အချစ်မမည်ခဲ့သော ဥပေက္ခာတွေကြောင့် ပျို နှလုံးသားနုနုမှာ ဆူးတွေ ဆူးခဲ့ပြီးပြီ ဖြစ်သည်။ ထိုဆူးတွေသည် ပျို နှလုံးသားထဲက ဦးကို မုန်းခဲ့သည့် အမုန်းဆူးတွေသာ ဖြစ်သည်။
YOU ARE READING
နှလုံးသားခုံရုံးရဲ့အယူခံ
Romance"ကိုယ့်မင်းကိုချစ်တာ မင်းဒယ်ဒီကို မုန်းနေတာနဲ့ မဆိုင်ဘူး ပျို။ မင်းက မင်းဖြစ်နေလို့ကို ကိုယ့်က ချစ်တာ" ကမ္ဘာစည်း "ပျို ဦး ကို မုန်းတယ်။ ပျို နှလုံးသားကိုအရုပ်ကလေးတစ်ရုပ်လို ဆော့ကစားခဲ့လို့ ဦး ကို မုန်းတာ" ပျိုမဒီ