7 U/Z

1.9K 29 0
                                    

Uni

💟နှလုံးသားခုံရုံးရဲ့ အယူခံ💟

💟အပိုင်း ၇💟

မှုန်ပြပြ မီးရောင်လေး အောက်မှာ ကောင်လေးတစ်ယောက်ရဲ့ မျက်ဝန်းအိမ်မှ မျက်ရည်တွေ လဲ့နေလေသည်။ ယွန်းစံမှီ။ ယွန်းစံမှီ ဆိုသော အမျိုးသမီးလေးတစ်ယောက်ရဲ့ ဓာတ်ပုံကို ကြည့်ပြီး  ရင်ထဲမှာ နာကျင်မှုတွေက အတိုင်းအဆမဲ့နေရလေသည်။

သမီးလေး မှီ။ သမီးလေး မှီသည် မမ ယွန်းစံမှီရဲ့ ကိုယ့်ပွားလေး။ မမ မရှိသည့် အချိန်ကစပြီး သူ့ ဘဝကို နီတာရဲ သမီးငယ်လေးနှင့်သာ အချိန်တွေ ကုန်ဆုံးခဲ့ရလေသည်။

အခုတော့ သူ့ ဘဝထဲ တွယ်တာစရာတစ်ခုတိုးလာခဲ့သည့်က သူ့ နှလုံးသားတစ်စုံအား လှုပ်ခက်သွားစေသော အမျိုးသမီးငယ်လေး တစ်ဦး။ မှန်းကြည့်လျှင်တော့ သူ့ထက် ၁၀ နှစ်မျှ ငယ်နိုင်သည့် ထိုမိန်းကလေးကိုမှ သူ့၏ ဝဲဘက်ရင်အုံက အလိုရှိနေခဲ့ပြန်သည်။

ရှိန်းမြမြဖြစ်နေသော ရင်အုံကို လက်ဖြင့် အသာအုပ်ရင်း သက်မနွေးနွေးကို ရှိုက်လိုက်မိလေသည်။ တစ်ဖက်မှာ တူမလေးကို စောင့်ရှောက်ချင်နေသည့် စိတ်။ တစ်ဖက်မှာ ချစ်ရသူကို ချစ်မြတ်နိုး ချင်သည့် စိတ်တို့က ကမ္ဘာစည်းဆုသော လူသားတစ်ယောက်ရဲ့ စိတ်ကို လွန်ဆွဲစေခဲ့ပြန်ပါသည်။

"ချစ်တယ် ချာတိတ်ရယ်။ မင်းသာ ကိုယ့် ဘဝထဲဝင်လာမယ် ဆိုရင် ဒီကမ္ဘာမှာ အပျော်ဆုံးက ကိုယ့်ဖြစ်မယ်ထင်တယ် ချာတိတ်ရယ်"

နှုတ်ခမ်းကို တွန့်ရုံယောင်ယောင်လေးမျှ ပြုံးမိသော်လည်း သူ့ မျက်ဝန်းအစုံတို့မှာတော့ မျက်ရည်ကြည်တွေ လဲ့နေသည့်က အထင်သားပင် ဖြစ်သည်။
                              💟💟💟

"ဟာ ကျစ်"

ကွန်ပျူတာ သင်တန်းက အထွက် ကိုရွှေမိုးက တဖြောက်ဖြောက် မြေပြင်ပေါ် ကြွေကြလာလေသည်။ ပျို စိတ်ရှုပ်စွာ ညည်းညူရင်း လွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ ထီးလေးကို ထုတ်ကာ ဆောင်းလိုက်မိလေသည်။

"ဟိတ် အကြုံလိုက်လို့ရလား" 

"ဟင်"

သူမ လှည့်ကြည့်လိုက်လေတော့ ရှပ်အင်္ကျီအဖြူကို တံတောင်ဆစ်အထိခေါက်တင်ထားပြီး ဂျင်းဘောင်းဘီ အပြာနုရောင်ကို စမတ်ကျကျ ဝတ်ဆင်ထားသည့် ဆရာအသစ်။ သူက အခြားသူတော့ မဟုတ်ပေ။ ရွှေတိဂုံ ဘုရားရင်ပြင်မှာ သူမနှင့် ပြဿနာ တတ်ခဲ့သော ကမ္ဘာစည်းဆိုသော ပုဂ္ဂိုလ်ဖြစ်သည်။

နှလုံးသားခုံရုံးရဲ့အယူခံ   Where stories live. Discover now