13 U/Z

2.3K 34 0
                                    

Uni

💟နှလုံးသားခုံရုံးရဲ့အယူခံ💟

💟အပိုင်း ၁၃💟

လောကကြီးမှာ မမရယ် သူရယ် နှစ်ဉီးတည်းရှိနေသည့် အချိန်မှာ မမက သူ့ကို ထပ်ပြီးထားခဲ့ပြန်ပြီ။ ဆေးရုံအခန်းထဲမှာ  မွေးကင်းစနီတာရဲ သမီးငယ်လေးကို ပွေ့ချီရင်း သူ့ဟာ အသံတိတ်မျက်ရည်တွေ ကျခဲ့မိသည်။ ယောကျာ်းတန်မဲ့ အသံတိတ်ရှိုက်ငိုရင်း မမရဲ့ နောက်ဆုံးမျက်နှာလေးကို တစ်ဝကြီး ကြည့်ပြီး နောက်ဆုံးအကြိမ်အဖြစ် အားရလေအောင် ငိုရှိုက်ခဲ့မိလေသည်။ ထိုနောက်တော့ သူ့ဘဝမှာ လူမမယ် ကလေးငယ်လေးနှင့် ဘဝကို ရုန်းကန်ဖို့ ဖြစ်လာခဲ့ရပြန်ပါပြီ။

သမီးလေး စံထားမှီကို ရင်ခွင်မှာပွေ့ချီပြီး အိပ်ရေးပျက်ခဲ့ရသည့် နေ့တွေ ရက်တွေလည်း မနည်းခဲ့ပေ။ သမီးလေးက မွေးကင်းစ အရွယ်ကတည်းက ကျန်းမာရေး ချူချာလွန်းသဖြင့် ဆေးရုံး ဆေးခန်း မပြတ်သွားခဲ့ရလေသည်။

ထိုနေ့က သမီးလေး အဖျားတွေ အရမ်းကြီးခဲ့သဖြင့် စည်းတစ်ယောက်အရူးမီးဝိုင်းခဲ့ရလေသည်။ သတိရတစ်ချက် မရတစ်ချက်ဖြစ်သော သမီးကို စိတ်မသက်မသာကြည့်ပြီး သူ့ ရှိုက်ငိုခဲ့ရလေသည်။ ပါးမို့မို့လေးတွေက နီရဲကာ  အဖျားတွေ အရမ်းကြီးပြီး ကယောင်ကတမ်းတွေ ပြောနေသော သမီးလေးကြောင့် သူ့မှာ ကူရာမဲ့ရသည့် သူ့သည် ဆရာဝန်တွေကို သမီးလေးကို ကယ်ပေးဖို့ ဒူးထောက်မတက် ခယတောင်းပန်ခဲ့ရလေသည်။

မမယွန်းစံမှီရဲ့ ကိုယ်ပွားလေး ဖြစ်လေသော သမီးလေး မှီကို သူ ဆုံးရှုံးမခံနိုင်ပေ။ ယခုအချိန်မှာ သမီးက သူ့ဘဝဖြစ်နေခဲ့လေသည်။

"သခင်လေးရယ် စိတ်ကိုအေးအေးထားပါ"

ဒေါ်ကြီးငွေ၏ အားပေးစကားသည့်လည်း သူ့ အတွက်အရာမဝင်ခဲ့ပေ။ သူ့ရင်ထဲမှာ သမီးအတွက် စိုးရိမ်မှုတွေကသာ ကြီးစိုးနေခဲ့လေသည်။

"လူနာရှင်"

သူနာပြု ဆရာမလေးရဲ့ ခေါ်သံကြောင့် စည်း လှုပ်လှုပ်ရှားရှားဖြစ်သွားရလေသည်။

"ကျွန်တော် ကျွန်တော်ပါ ဆရာမ"

သူနာပြု ဆရာမလေးက သူ့ကို တစ်ချက်ဝေ့ကြည့်ပြီး

နှလုံးသားခုံရုံးရဲ့အယူခံ   Where stories live. Discover now