အပိုင်း (၃၅)

1.8K 125 27
                                    

Mysterious Love
~~~~~~~~~~~~~~~
Part - 35
~~~~~~~~
" ကိုကြီးဘယ်သွားကြမှာလဲဟင် "

" မင်းသန့်အိမ်ကိုသည်းငယ် "

" ဟင် ပီစိုင်းအိမ်လား "

" ဟုတ်တယ်အသည်း "

မေပျိုကတော့ ကိုကြီး ပီစိုင်းတို့အိမ်ကိုဘာလို့သွားလဲဆိုတာသိချင်နေရသည်

အတွေးတွေနဲ့လမ်းတစ်လျှောက်ကိုကြည့်လိုက်တော့ ကားလမ်းဘေးမှာနေကြာရိုင်းသေးသေးလေးတွေနှင့် တောပန်းလေးတွေကအစီအရီပေါက်ရောက်နေလျက်

ထင်းရှူးပင်တွေကိုလည်းတော်တော်များများတွေ့ရတာမို့ ဒီနေရာလေးကအလွန်ကိုမှလေကောင်းလေသန့်ရပါသည်

" သည်းငယ် ကားလာမောင်း "

" ဟင် ကိုကြီးကလည်း မေပျိုကားမောင်းသင်တာဖြင့် ၃ရက်ပဲရှိသေးတာကို "

" ဒီနေရာကဖြတ်သွားဖြတ်လာနည်းလို့ သည်းငယ်ကိုကွေ့ပတ်ပြီးခေါ်လာတာ ဒါကြောင့်ဘာ pressure မှရှိဖို့မလိုဘူး ဘေးမှာကျွန်တော်ရှိတယ် "

" ဟုတ် ဒါဆိုလည်းမောင်းလိုက်မယ်ကိုကြီး "

" အင်း "

သူရိန်လည်း ကားမောင်းတဲ့နေရာကနေဆင်းပြီး တစ်ဖက်ကိုသွားနေစဥ် သည်းငယ်ကတစ်ဖက်တံခါးကနေထွက်မလာသေးတာမို့ မြန်မြန်လျှောက်ပြီးကြည့်လိုက်တော့ သည်းငယ်က ကားမောင်းတဲ့နေရာကိုပင်ရောက်နေပြီ

" အနောက်ကနေကွေ့သွားတာလား "

" မဟုတ်ပါဘူး အပြင်ထွက်ပြီးဟိုဘက်ပြန်လျှောက်ရမှာကြာလို့ ဒီဘက်ခုံကနေ ဟိုဘက်ခုံကိုကျော်ခွပြီးသွားလိုက်တာ "

" ခေါင်းတိုက်မိမှာမစိုးရိမ်ဘူးလား မေပျိုငယ် "

" မစိုးရိမ်ပါဘူး ကိုကြီးကားကမြင့်တာပဲကို "

" နောက်ဆိုအဲ့လိုမလုပ်ရဘူးသည်းငယ် "

" ဟုတ်ကိုကြီး အခုမောင်းရတော့မလားဟင် "

" မင်းအဆင်သင့်ဖြစ်ပြီဆိုရင်စထွက်တော့ "

" ဟုတ် "

မေပျိုလည်း လမ်းကဖြောင့်ဖြူးနေတာမို့ကြောက်စိတ်မရှိဘဲ ကားမောင်းတာချောမွေ့နေတာပါပဲ

Mysterious Love (Ongoing) Where stories live. Discover now