Part (26)

7.7K 1K 273
                                    

unicode

Taehyungသည် ညအိပ်ရာဝင်ရန်အတွက် ညအိပ်ဝတ်စုံလေးလဲဝတ်ကာ သန့်စင်ထားသည့်မျက်နှာထက်ကို ပေါင်းတင်ကပ်ခွာလေးကပ်နေစဥ် မှန်တင်ခုံထက် တင်ဆောင်ထားသည့် သူ့၏ဖုန်းဆီကနေ မြည်သံထွက်ပေါ်လာသည်မို့ လက်လေးတစမ်းစမ်းဖြင့် ကောက်ယူကြည့်လိုက်ရသည်။
ဖုန်းscreenတွင်ထင်းနေသည်က 'My Alpha'ဟူသည့် နာမ်စားဖြစ်ပြီး သူ အရသာခံ၍ သတ်မှတ်ထားသည့် Jungkook၏ဖုန်းနံပါတ်မို့ ရင်ခုန်သံက ဒိန်းခနဲ'ဖြင့် ဖုန်းမဖြေဆိုခင် ပျာယာခတ်သွားရသေးသည်။

ပြီးမှ မိမိ၏လည်ချောင်းလေးကို ချောင်းဟန့်၍ရှင်းလိုက်ကာ Jungkook၏ဖုန်းကို မဝံ့မရဲလေး ဖြေဆိုလိုက်ရ၏။

" ဟယ်...ဟယ်လို...."

ဒါက Jungkookနှင့် သူ ပထမဆုံးအနေနှင့် ဖုန်းပြောရခြင်းပင်...။

တစ်ဖက်က Jungkookသည် အိပ်ခန်းထဲတွင်ရှိနေသည်ဖြစ်ပြီး စာကြည့်စားပွဲတွင်ထိုင်နေကာ မင်းသားငယ်လေး၏သြရှရှဖြေဆိုသံကိုကြားရလျှင် အလိုလိုကွေးညွှတ်သွားသည့်နှုတ်ခမ်းပါး..။

" သက်သာလား... ခေါင်းကိုက်တာက..."

" အော... သက်သာတယ်... မင်းရော.. အိမ်ကိုကောင်းကောင်းပြန်ရောက်တယ်မလား...."

" အင်း...."

Taehyungသည် Jungkookနှင့် ပုံမှန်စကားကိုဆိုရသည်တောင် ရင်ဘတ်ထဲတွင် ယားကျိယားကျိဖြစ်လာစေကာ မလှမ်းမကမ်းက တစ်ရှုးဘောက်စ်ကိုအနားဆွဲယူပြီး အရှက်ပြေ တစ်ရွက်ပြီးတစ်ရွက် ဆွဲထုတ်နေမိသည်။

" ကျွန်တော်.. အိမ်ပြန်ရောက်ရောက်ချင်း မင်းသားလေးဆီ ဖုန်းဆက်မလို့ဘဲ... မင်းသားလေးက နေမကောင်းဖြစ်နေတော့.. နှောင့်ယှက်သလိုဖြစ်မှာစိုးလို့... အခုမှခေါ်ရတာ...."

" အာ... မင်းက ငါ့အတွက် အနှောင့်အယှက် မဖြစ်ပါဘူး... အချိန်မရွေး.. ငါ့ကို ဖုန်းခေါ်လို့ရတယ်.. သိလား.."

ချိုအီနူးညံ့သွားသည့်အသံက မိမိကိုယ်တိုင်တောင် အသဲယားသွားစေသည်မို့ Taehyungမှာ တစ်ရှူးစတွေကို ဆက်တိုက်ဆိုသလိုဆွဲထုတ်မိသွား၍ သူ့အနားတွင် တစ်ရှူးစတွေမှာ ပလူပျံနေသည်။

Royal: Omega's Love Story (Complete)Where stories live. Discover now