3

455 54 0
                                    


အခန်း ၃

လဟာ ကြည်ကြည်သာသာရယ်။နေဝင်တရီရောမှာ ဖေဖေ ပြန်လာတယ်။ဆိုင်ကယ်သံဟာ ခြံတံခါး၀ရောက်ကတည်းက ဖေဖေ ပြန်လာတာ သိလိုက်ပြီးသား။မီးအိုးတိုက်နေတဲ့ တိမ်ယော့် အလုပ်လည်း ပြီးသွားမို့ ညစာ စားတော့မယ် ထင်တယ်။ဖေဖေ အိမ်ထဲ၀င်လာတော့ မေမေက ထမင်းခူးပြီးကြောင်း ချက်ချင်းပြောကာ သံပုရာရည်ဖျော်လာခဲ့သည်။

" ထမင်းအရင် စားအောင်ကွာ သံပုရာရည် ပြီးမှပေါ့ "

မေမေနဲ့အတူ ထမင်းပွဲ ပြင်ဖို့ တိမ်ယော် လိုက်သွားတယ်။မိသားသုံးယောက်တည်းမို့ စုံစုံလင်လင် စားဖြစ်သည်။

" နုနွယ်‌က မနက်ပြန်တော့မယ်တဲ့ လက်ဆောင်တွေလည်း မ၀ယ်ရသေးဘူး "

" မနက်ကို ပြန်မှာလား "

တိမ်ယော့်စကားကို မေမေက ခေါင်းငြိမ့်ပြတယ်။ဟင်းချိုဖြင့် ထမင်းလုတ်ကို မျှောချလိုက်ရတာမို့ လည်ပင်းကနင်တင်တင်။နွေလယ်လှိုင်းလေး ရင်ဖြတ်ပြေးသွားတယ်။

" တော်ပြီလား "

" ဟုတ် ရင်ပြည့်နေလို့ "

" ဆေးစားဦးလေ "

" အပြန်ကျ စားမယ် ဖေဖေ "

ထမင်းကို နည်းနည်းပဲ ခူးစားတာမို့ အကျန်သိပ်မရှိ။မဟုတ်ရင် ရေဆိုးအိုးထဲ သွန်တာများတာ မြင်ရင် ဖေဖေ စိတ်ဆိုးမည်လေ။ ထမင်းပန်းကန်ကို ရေဇလုံထဲ ဖြစ်သလိုပစ်ပြီး လက်ကို ပြောင်စင်အောင် ဆေးလိုက်တယ်။ပြီးတာနဲ့ ဘကြီးထူး ခြံထဲ သုတ်ခြေတင် ထွက်လာတော့တယ်။

လသာသည်မို့ ပိတောက်ပင်က အရိပ်ဖြင့် မှောင်မဲနေတယ်။အရိပ်မှောင်မှောင်မှာတော့ ဘကြီးထူရဲ့ ဆေးလိပ်မီးက တစ်ချက် တစ်ချက် ရဲခနဲ။ပိတောက်ပင်နဲ့  အိမ်နံရံက ဆယ်ပေကျော်ကျော်လှမ်းသည်။ပိတောက်ပင်ပင် တည့်တည့်က အပေါ်ထပ်ခန်းဟာ အန်တီနုနွယ်ရဲ့ အခန်းပေါ့။

" တိမ်ဆိုင်လေး မအိပ်သေးဘူးလား "

" ဟုတ်ကဲ့ "

ဘကြီးထူးရဲ့ အနားမှာ ကြီးကြီးစန်းပါ ရှိနေခဲ့တာပဲ။ကြီးကြီးစန်းက ဒူးတစ်ဖက်ထောင်ကာ လရောင်ညို့ချက်မှာ မျောကာပါလို့။ဘကြီးထူးက ကြီးကြီးစန်းရဲ့ နောက်မှာ လှဲရာမှ ဒူးတစ်‌ဖက်ပေါ် ခြေတစ်ချောင်းတင်ပြီး ဖက်ကြမ်း ဆေးလိပ်ကို ဒန်ဖလားခံပြီး ဖွာနေရဲ့။

ပင်လယ်ပြာပြာ ရေပြာပြာ ဗေဒါဘာကြောင့် စိမ်းရတယ်Where stories live. Discover now