17

652 70 10
                                    

အခန်း ၁၇

မိုးတွေ ညို့တုတုနဲ့။ရွာလည်း မရွာ။တစ်ခါတစ်ခါ နေပေါ်လာတတ်ပြီး တစ်ခါကျ‌လည်း ဝေါခနဲ ရွာချတတ်တဲ့ မိုးက ဒီနေ့တော့ မကြည်မသာနဲ့။တစ်ယောက်တည်း စာတစ်အုပ်ဖတ်ပြီးတော့  စိတ်တွေ ပိုပျင်းလာတာနဲ့ တစ်ခုခုစားဖို့ အောက်ထပ်ဆင်းလာခဲ့တယ်။ဒီနေ့မှ ခံစားချက်တွေက အခန်းဖော်ကို လွမ်းနေမိတယ်။တစ်ခါတစ်ခါ အဆက်အသွယ်ရပေမဲ့ ဒီနှစ်ထဲ သိပ်ပြီး အခေါ်အပြောမရှိ။

ဘာရယ်တော့မဟုတ်ဘဲ မီးဖိုချောင် လှမ်း‌နေတဲ့ ခြေလှမ်းတွေက အိမ်တံခါး၀ဆီ လှမ်းကာ လက်က တံခါးကို ဆွဲဖွင့်ကြည့်ချင် စိတ်ဖြစ်မိတယ်။

တံခါးကို ဖွင့်ချင်းပဲ ပတ်၀န်းကျင်ရဲ့ လေကို ရှုရှိုက်ရရှိတယ်။ထပ်ပြီး တွေ့ရတာက ထင်မှတ်မထားတဲ့ လူတစ်ယောက်။မတုန်မလှုပ်ရပ်နေခဲ့တာ ဘယ်ကတည်းကလဲ မသိ။

" သက်လျာ "

နုနွယ် ခေါ်လိုက်တော့မှ လေးကန်ကျနေတဲ့ မျက်ခွံတွေက   ဖြည်းဖြည်းချင်း ပင့်တက်လာတယ်။စိုစွတ်နေတဲ့ မျက်တောင်ဖျားတွေကို နုနွယ် တွေ့တဲ့အခါ စိတ်တို့ပိုကာ ပူပန်သွားရတယ်။

" ဘုရားရေ မင်း ဒီကို ဘယ်လိုရောက်လာတာလဲ လာကွာ အိမ်ထဲအရင်၀င်ရအောင် "

ငြိမ်သက်နေတဲ့ သက်လျာက နုနွယ်ဆွဲခေါ်တော့မှ အိမ်ထဲ ပါလာတယ်။နုနွယ်ကတော့ အနောက်တိုင်းကနေ အိမ်ရှေ့ ချက်ချင်းလက်ငင်း ရောက်လာတဲ့ သူငယ်ချင်းကြောင့် အံ့အားသင့်စိတ်တို့ ခုထိ ယောက်ယှက်ခက်တုန်း။

" ဘယ်လိုဖြစ်လာတာလဲ "

" ရေသောက်ချင်တယ် "

" အမ် အေး ခဏ "

ကြောင်အစွာပဲ နုနွယ် အနားက ထပြီး ရေဘူးနဲ့ ဖန်ခွက်ယူကာ ငှဲ့ပေးရသည်။သက်လျာအကြောင်းကို တဒင်္ဂလေး နုနွယ်မေ့သွားတယ်။နုနွယ်ငှဲ့ပေးတဲ့ ရေခွက်ကို တစ်ကျိုက်တည်း မော့ပြီး ထွက်သက်ရှည်တစ်ခု ချလိုက်တယ်။မိန်းကလေးနှစ်ယောက်ရှိတဲ့ အခန်းက တိတ်ဆိတ်လျက်။

" မနက်ဖြန် ပြန်မှာ "

" ဪ "

ဘာကိစ္စအတွက် လာတာလဲလို့ နုနွယ်ထပ်မမေးချင်တော့။သက်လျာက သူ့စိတ်နဲ့သူ ထင်သလို ရှင်သန်နေတတ်တဲ့ မိန်းကလေးဆိုတာ နုနွယ်မေ့သွားတယ်။

ပင်လယ်ပြာပြာ ရေပြာပြာ ဗေဒါဘာကြောင့် စိမ်းရတယ်Where stories live. Discover now