6

509 62 4
                                    

အခန်း ၆

ညကဘယ်အချိန် အိပ်ပျော်သွားလဲ မသိဘူး။နိူးလာတော့ ခေါင်းက မကြည်။တဆစ်ဆစ်ကိုက်ခဲနေတဲ့ ဝေဒနာနဲ့ မနည်းထူကြည့်ပြီး ထိုင်လိုက်တော့ ဘေးက စားပွဲပေါ်မှာ သံပုရာရည်ဖျော်ပြီးသားက အဆင်သင့် ရှိနေသည်။နိုးလာရင် သောက်လိုက်ဆိုတဲ့ စာရွက်လေးကို မြင်တော့ နှစ်ခါမစဉ်းစားဘဲ ယူသောက်လိုက်သည်။သောက်ပြီးမှ အိပ်ရာပေါ် ဖြည်းဖြည်းချင်း ပြန်လှဲလိုက်သည်။

" ငါ့ဖုန်းရော "

အလန့်တကြားနဲ့ အိပ်ရာဘေးနားကို စမ်းကြည့်မိသည်။ညက သီချင်းဖွင့်ပြီး အိပ်ပျော်သွားတာကို သတိရသည်။အခန်းတံခါးကိုတော့ ပိတ်မိတယ် မထင်။

" မင်းက ဒီဘယ်လိုရောက်နေတာလဲ"

အံဆွဲပေါ်က စနစ်တကျ ရှိနေတဲ့ ဖုန်းနဲ့ အားသွင်းကြိုးကို မြင်မှစိတ်အေးသွား၍ စကားပြောလိုက်ခြင်းဖြစ်သည်။အကြောင်းမသိသူတွေဆို တစ်ယောက်တည်း စကားပြောနေလို့ ထူးဆန်းနေမှာ။

" ကျေးဇူးတင်ပါတယ်နော် "

" ရပါတယ် အဖွားရဲ့ နောက်လည်း အိမ်က သမီးတွေမအားရင် သက်လျာ အားတဲ့အခါ လိုက်ပို့မှာပေါ့ "

" အမလေး အဖွားကို သမုဒယတွေတွယ်အောင် ငင်နေတာပဲ "

ကြယ်လင်တဲ့ အပြုံးလေးတွေကို တိမ်ယော် ဖမ်းဆုပ်ထားလိုက်ချင်တယ်။တကယ်ပါ မြင်ရခဲတယ်မလား။မျက်နှာကို ပဝါဖြင့် ရေသုတ်စနဲ့ ၀ရန်တာ ထွက်လာခဲ့တဲ့အခိုက် ခြံပြင်မှာ ရပ်စကားပြောနေတဲ့ အဖွားတစ်ယောက်နဲ့ သက်လျာကို ရယ်မောလျက် တွေ့ရလေသည်။အဖွားက သက်လျာကို နှုတ်ဆက်ပြီး တစ်ဖက်ခြံကို ကူးသွားတဲ့ နောက် တိမ်ယော် ငုံ့ကြည့်နေတဲ့ အခိုက်နဲ့ သက်လျာ မော့ကြည့်လာတဲ့အခိုက်ဟာ ဆုံရခဲတဲ ထိပ်တိုက်လေးတွေပဲ။‌တဒင်္ဂသာ သူ့ဆီ အကြည့်တွေဝဲပြီး အန်တီနုရည် ခြံတံခါးဖွင့်လာတဲ့အခိုက် မျက်ကွယ်ပြုကာ သွားလေတော့သည်။သစ်ရွက်ကြွေတာကို ကြည့်ပြီး ဟာတာတာကျန်ခဲ့ရတဲ့ နွေရဲ့ အဆွေးတွေလိုပဲ။သက်လျာကလေ ......အင်း.....နွေသက်လျာကြွေဆိုတဲ့ မိန်းမကပေါ့။

" ကောင်းဆက် ကားမောင်းတတ်တယ်မလား... တို့ကားကို ထားခဲ့လို့ရတာပဲ "

ပင်လယ်ပြာပြာ ရေပြာပြာ ဗေဒါဘာကြောင့် စိမ်းရတယ်Where stories live. Discover now