အခန်း ၂၀အဝေးက ငေးကြည့်လျှင် စိမ့်ညို့ညို့ တောင်ထိပ်ဖျားဟာ ရင်သပ်ရှုမောစရာ။တိမ်ယော့်ရဲ့ ရင်ခုန်သံဦးတွေဟာ အဲ့ဒီသဘာ၀တွေပေါ့။တောင်ထိပ်ဖျားမှာ တိမ်စဉ်တန်းတို့ ယှက်ဖြာနေပြီး သွယ်တန်းနေတဲ့ တောင်စဉ်တောင်တန်းတွေဟာလည်း မှိုင်းညို့ညို့နဲ့ လွမ်းစရာအတိ။
အရင်က တိမ်ယော် ရိုက်ထားတဲ့ ပုံတွေပါ။လက်တော့ပ်ထဲ လိုချင်တာ ရှာရင်းနဲ့ အဲ့ဒီဖိုင်ကို ဖွင့်မိတော့ အနောက်ဘက်ဒေသကို လွမ်းရပြန်တယ်။
" ၀င်လာလို့ရလားရှင့် "
တံခါးခေါက်သံ တစ်ချက်နဲ့ စကားသံချိုချိုလေးဟာ လှစ်ဟလာတဲ့ တံခါးမနောက်က ထွက်လာတယ်။
" အချစ်အတွက်ဆို ကျွန်မရှိတဲ့ နေရာတိုင်းက တံခါးမရှိ အတားးမရှိပါနော် "
" အိုး ကြွေချင်စရာတွေ သိပ်ပြောနော် "
သဘောကျစိတ်ကြောင့် ခပ်ဟဟ ရယ်မိတယ်။သက်လျာက တံခါးကို သေချာပြန်ပိတ်ပြီး သူ့ဆီ လျှောက်လာတယ်။ရေချိုးပြီးစ ဖြစ်ဟန်တူပြီး ဂါ၀န်ပါးက ခြေဖျားတိုက်လျက်။ခြေဖမိုးလေးကို ငေးချင်တာတောင် သခင်မက အခွင့်မပေး။
" သက်လျာ "
သက်လျာ တစ်ကိုယ်လုံးကို သိမ်းကြုံးငေးနေစဉ် သက်လျာက သူ့ကိုယ်ပေါ် တစောင်း တက်ထိုင်ပြီး လည်တိုင်ဆီ လက်တို့ချိတ်တွယ်လာတယ်။သူ့နာမည်ကို ရောင်ရမ်းကာ တမိတော့ မျက်တောင်တို့ ပုတ်ခတ်ကာ ခပ်ပြုံးပြုံး ကြည့်လာတယ်။
" ရည်းစားရှိတာလည်း ကောင်းတာပဲနော် ခုလို ထိုင်ချင်သလို ထိုင်လို့ရတယ် "
သက်လျာ စကားကြောင့် တိမ်ယော့် မျက်ခုံးတို့ တွန့်ချိုးမိတယ်။စိတ်အလိုမကျတာ မဟုတ်ဘဲ သဘောကျစိတ်ကို မပေါ်လွင်အောင် ထိန်းကြည့်တာပေါ့။
" သက်လျာ ထိုင်ချင်တဲ့ အချိန် ထိုင်ရအောင် ကျွန်မက ထိုင်ခုံလား "
တိမ်ယော်က ခွန်းတုံ့ပြန်တော့ အခန်းတွင်း လှည့်ကြည့်နေတဲ့ သက်လျာ ရဲ့ ဦးခေါင်းက ဝေ့ခနဲ လှည့်လာပြီး ဆံနွယ်ရှည်တို့ တိမ်ယော့်မျက်နှာ အဖျားခတ်သွားလေသည်။မျက်နှာနှစ်ခု နီးကပ်သွားပြီး အကြည့်ချင်းလည်း တစ်ဦးဆီမှာ တစ်ဦး ငြိလျက်။
YOU ARE READING
ပင်လယ်ပြာပြာ ရေပြာပြာ ဗေဒါဘာကြောင့် စိမ်းရတယ်
Fantasy" ပင်လယ်ထဲမှာ ဗေဒါ ရှိလို့လား သက်လျာ " " တို့ပင်လယ်မှာတော့ ရှိတယ် ယော် " &&&&&& " ဗေဒါက ဘာလို့ အစိမ်းရောင်လဲ " " ကောင်းကင်နဲ့ ပင်လယ်က ပြာနေလို့ပေါ့ ယော်ရယ် "