အခန်း ၁၁
" မင်းကြောင့် စိုကုန်တာ ရော့ ခြောက်အောင် လုပ်ပေး "
ရေချိုးပြီး အ၀တ်လဲနေတုန်း အခန်းတံခါးကို ဇွတ်ခေါက်ကာ အခုလည်း တဘက်စောင် ကြီး ထိုးပေးပြီး သူ့ဆံပင်တွေ ခြောက်အောင် လုပ်ခိုင်းနေလေသည်။တိမ်ယော့််မှာ ကိုယ့်ဆံပင်ကို သုတ်နေတဲ့ တဘက်စောင်ကို ဘေးချပြီး သူကမ်းပေတဲ့ စောင် ကို လှမ်းယူလိုက်ရသည်။
" ကျွန်မနားကို လာ "
မရယ်မပြုံး ဆူဆူပုတ်ပုတ်နဲ့ အဲ့ဒီသက်လျာကို စိတ်ရှိတိုင်းသားဆို ပါးနှစ်ဖက်လုံး ဆွဲဖျစ်ပြီ။တိမ်ယော်က သူ့ရှေ့ကို ပုတ်ပြတော့ ချက်ချင်းလာထိုင်သည်။စတွေ့တုန်းကတည်း သက်လျာ ရဲ့ ဆံသားတွေကို တိမ်ယော်ထိတွေ့နေချင်ခဲ့တာ။
" Dryer မသုံးဘူးလား သက်လျာ "
" အင်း "
သူ့ဆံသားလေးတွေကို အသေချာဖွပေးကာ သုတ်ပေးတော့ သက်လျာရဲ့ မျက်ခွံပါးပါးတွေက လေးပင်စွာ မှိတ်ကျလာသည်။ခေါင်းကိုင်ရုံနဲ့ ဘယ်လိုတောင် အိပ်ချင်သွားရတာလဲ။တိမ်ယော့်အတွေး မဆုံးခင်ဘဲ အစ်မတော်က တိမ်ယော့်ပေါင်ပေါ် လှဲချလာတော့သည်။
" သက်လျာ ခေါင်းက မခြောက်သေးဘူးလေ "
" ဒီတိုင်း ခြောက်အောင် လုပ်ပေး"
ပြောလို့မရဘဲ အိပ်ပျော်သွားတဲ့ သက်လျာရဲ့ ဆံသားတွေထဲ လက်ချောင်းတွေ ထိုးထည့်ရင်း သူ့မှာ ပြုံးလိုက်ရသေးတယ်။သက်လျာက သိပ်ပြီး ချစ်ဖို့ကောင်းနေတာ မဟုတ်လား။စိုထိုင်းထိုင်း ဖြစ်နေတဲ့ ဆံသားတွေထဲ တဘက်စောင်နဲ့ ညင်သာစွာ ပွတ်ရင်း မျက်ခွံပေါ်က မျက်ကြောစိမ်းလေးတွေကို မှင်သက်စွာ ငေးနေမိတယ်။အခုမှ သေချာကြည့်မိတယ်။ဘာမိတ်ကပ်မှ ရှိမနေတဲ့ သက်လျာရဲ့ ပါးပြင်ပေါ်မှာ သွေးကြောလေးတွေပင် အထင်သား။သက်လျာရဲ့ မျက်နှာကို တိမ်ယော့်မှာ အလွတ်ကျက်နေသည့်လား ငေးနေမိတယ်။ပန်းနုရောင် နှုတ်ခမ်းသားတွေဆီ အကြည့်ရောက်မိတော့ လည်ချောင်းက ခြောက်ကပ်လာသလို ခံစားရတယ်။မျက်နှာကျက်ကို မော့ကြည့်ကာ အကြည့်တွေ လွှဲလိုက်ပေမဲ့ ယောက်ယှက်ခတ်သွားတဲ့ စိတ်က ထိမ်းမရတော့။
YOU ARE READING
ပင်လယ်ပြာပြာ ရေပြာပြာ ဗေဒါဘာကြောင့် စိမ်းရတယ်
Fantasy" ပင်လယ်ထဲမှာ ဗေဒါ ရှိလို့လား သက်လျာ " " တို့ပင်လယ်မှာတော့ ရှိတယ် ယော် " &&&&&& " ဗေဒါက ဘာလို့ အစိမ်းရောင်လဲ " " ကောင်းကင်နဲ့ ပင်လယ်က ပြာနေလို့ပေါ့ ယော်ရယ် "