14

498 64 3
                                    

အခန်း ၁၄

တိတ်ဆိတ်တဲ့ ည၀န်းကျင် ဖြစ်တဲ့အပြင် အပေါ်ထပ်ဟင်းလင်းပြင်မို့ လေကလည်း ခပ်သာသာ တိုးဝှေ့လျက်ရှိတယ်။စားပွဲတစ်ဝိုင်းနဲ့ တစ်ဝိုင်းခြားမှာ ဆယ်ပေကျော်မျှ ခြားထားပြီး ထိုစားပွဲဝိုင်းတွေမှ စားသုံး‌သူတွေကလည်း တိတ်တဆိတ်ပင်။

သက်လျာရဲ့ရှေ့မှာ  ခန့်ညားတဲ့ အမျိုးသားတစ်ယောက် ရှိနေပြီး အဲ့ဒီအမျိုးသားက ဖန်ခွက်ထဲသို့ ဝိုင်နီရည်တို့ ထည့်ပြီး ခွက်ကို လှုပ်ယမ်းလျက်ရှိသည်။ထိုသူရဲ့ အကြည့်‌တွေကလည်း သက်လျာထံတွင်သာ စူးစူးစိုက်စိုက်။သက်လျာကတော့ အပေါ်ထပ်မှ မြင်နေတဲ့ မြို့ရဲ့ ညမြင်ကွင်းကိုသာ အာရုံပေးလျက်ရှိတယ်။

" ဒီလကုန်ရင် ပေကျင်းကို မောင် ခဏ ပြန်ရမယ် သက်လျာ ဘာမှာဦးမလဲ "

" ငါ့အတွက် ဘာမှမ၀ယ်ခဲ့ပါနဲ့ နင်သာ ခရီးဖြောင့်ဖြောင့်သွားပါ "

အမျိုးသားက နှုတ်ခမ်းတစ်ချက် တွန့်ကာ ပြုံးတယ်။

" သက်လျာ မလိုချင်ပေမဲ့ မောင်က "

" ဇွဲသစ် ...."

သက်လျာရဲ့ ခေါ်သံမှာ ထိုယောကျာ်းရဲ့ စကားတို့ ရပ်တန့်သွားတယ်။

" ငါတို့က ဘာမှပက်သက်ကြတာ မဟုတ်ဘူး ၊ အသုံးအနှုန်းတွေကို သတိထားပါ "

ယောက်ျားတစ်ယောက်ရဲ့ ခပ်မျှင်းမျှင်း ရယ်သံတစ်ချက်နဲ့အတူ ဖန်ခွက်ချသံက တစ်ပြိုင်နက်တည်း ထွက်လာတယ်။

" သက်လျာရယ် မောင့်ကို အခွင့်ရေးလေး ထပ်ပေးပါဦး "

ထိုယောက်ျားရဲ့ လက်တွေက သက်လျာရဲ့ လက်ဖမိုးပေါ် အုပ်မိုးကိုင်လာတယ်။သက်လျာ နှာဖျားမှ မသက်မသာ အသက်ငွေ့လေး လွင့်ထွက်သွားတာတောင် သူ့အတ္တကို ရှေ့တင်ထားတဲ့ ယောက်ျားတစ်ယောက်ပေပဲ။

" နင် ငါ့ကို မယားငယ် ဇာတ်သွင်းနေတာလား ဇွဲသစ် "

" မောင် သူနဲ့ တရား၀င် ကွာရှင်းခဲ့ပြီးပါပြီ "

" ဟုတ်လား ဘယ်သူတွေသိလဲ ဒေါက်တာ ဉာဏ်ဇွဲသစ်နဲ့ ဒေါက်တာဇွန်သက်ဇော်တို့ တရားကွာရှင်းပြီးပါပြီလို့ နင်တို့ လက်ထပ်တုန်းကလို နိုင်ငံမီဒီယာတွေကနေ ကြေငြာပြီးပြီလား "

ပင်လယ်ပြာပြာ ရေပြာပြာ ဗေဒါဘာကြောင့် စိမ်းရတယ်Where stories live. Discover now