အခန်း ၁၉" သက်လျာ ...သက်လျာ...."
သက်လျာက တိမ်ယော့်ကို မစောင့်ဘဲ အိမ်ထဲ၀င်သွားသည်။အိမ်အတွင်းမှာ စည်သူတို့ မရှိဘဲ တိတ်ဆိတ်နေသည်။အန်တီနုနွယ်လည်း ရှိပုံမရ။
" သက်လျာ "
" ဘာလဲကွာ"
အပေါ်ထပ်အထိ နောက်က မနားတမ်း လိုက်ခေါ်နေတော့ သက်လျာ စိတ်မရှည် ဖြစ်သွားဟန် ရှိတယ်။လက်ပိုက်လျက်သား တည်နေတဲ့ မျက်နှထားက တစ်ခုခုကို အလိုမကျနေဟန်။
" မနက်ကို အားလား "
" ဘာလုပ်ဖို့လဲ ပြောလေ "
" အန်တီလေးကို သွားကြိုရမှာမို့ သက်လျာ ကို ကျွန်မနဲ့အတူ လိုက်စေချင်တယ် "
သက်လျာက မျက်ခွံပင့်ကာ စေ့စေ့တွေးနေဟန်ရှိသည်။တိမ်ယော်ကတော့ အဖြေကို စောင့်နေရသည်။
" နုနွယ်ကို ဘာလို့ခေါ်မသွားလဲ "
" အာ....သူက မအားဘူးထင်တယ် "
" တို့လည်း မအားဘူးလေ "
" ဪ .....ဟုတ်ကဲ့ပါ "
မျှော်လင့်ချက်မရှိနိုင်မှန်း သိလျက် မျှော်ကိုးမိခဲ့တာကိုး။သက်လျာက အုတ်နံရံတစ်ဖက်က မိန်းမဆိုတာ တိမ်ယော် တဒင်္ဂမေ့သွားတယ်။
" ဒါနဲ့ ဟိုကောင် အုပ်စု ဘယ်သွားကြတာလဲ "
အခန်းတွင်း၀င်ခါနီး သက်လျာကို မေးလိုက်မိသည်။သက်လျာက ကျောပေးထားရာမှ ပြန်လှည့်လာတယ်။ပြီးတော့ မှန်ပြတင်းကနေတစ်ဆင့် ခြံထဲကို လက်ညိုးထိုးပြတယ်။တိမ်ယော် ကြည့်လိုက်တော့ အပြင်ကနေ ပြန်လာပုံရတဲ့ အန်တီနုနွယ်ကားက ခြံထဲ၀င်လာသည်။ကားထဲမှ အေမီတို့ အုပ်စုဆင်းလာတယ်။သက်လျာဆီ အကြည့်တို့ ပြန်ပို့လိုက်တော့ အခန်းတံခါးကို ပိတ်လျက်တွေ့ရသည်။ရင်ခုန်သံတွေဟာ လှောင်ပိတ်ခြင်း ခံခဲ့ရတာပါပဲလား။
" ဘယ်သွားကြတာလဲ "
" ဪ တိမ်ကလေး လာဦး "
လှေကားပေါ်မှာပဲ ရှိသေးတဲ့ တိမ်ယော့်ကို အေမီက လက်ယက်ခေါ်လေသည်။တိမ်ယော့် အမေးတောင် မဆုံးလိုက်နိုင်ရှာ။အားလုံးက တိမ်ယော့်ဆီ အကြည့်ရောက်နေတာမို့ ရင်ထဲက လိပ်ပြာလေးတောင် လန့်ချင်တယ်။အန်တီနုနွယ်ကို မေးဆတ်မေးကြည့်တော့ ခေါင်းခါ ပြလေသည်။
YOU ARE READING
ပင်လယ်ပြာပြာ ရေပြာပြာ ဗေဒါဘာကြောင့် စိမ်းရတယ်
Fantasy" ပင်လယ်ထဲမှာ ဗေဒါ ရှိလို့လား သက်လျာ " " တို့ပင်လယ်မှာတော့ ရှိတယ် ယော် " &&&&&& " ဗေဒါက ဘာလို့ အစိမ်းရောင်လဲ " " ကောင်းကင်နဲ့ ပင်လယ်က ပြာနေလို့ပေါ့ ယော်ရယ် "