အခန်း ၂၁" သက်လျာ "
ပြန်ထူးသံကို မကြားရ။တံခါးဖွင့်ဖို့အရေး ခေါက်နေရတဲ့ တိမ်ယော့်လက်ဆစ်တွေလည်း နာလှပြီ။အန်တီနုနွယ်က ဆက်မခေါ်တော့ဖို့ ပြောနေပေမဲ့ တိမ်ယော်က ဇွဲမလျော့။
" သက်လျာ နိုင်ပါတယ် ကျွန်မရှုံးတယ် ဒီထက်ပိုပြီး အနိုင်မယူပါနဲ့တော့လား သက်လျာရယ် "
အားလျော့ပင်ပမ်းတဲ့ လေသံခပ်တိုးတိုးဖြင့် တိမ်ယော် ညည်းမိလေသည်။ ၈ နာရီလောက်ကတည်းက ညစာစားဖို့ တိမ်ယော် လာခေါ်ပေမဲ့ သက်လျာက ဘာမှမတုန့်ပြန်ဘဲ နေနိုင်လွန်းတယ်။အခုဆို ၁၀ နာရီ မတ်တင်းပြီ။နေ့လယ် ၂ နာရီလောက်ကတည်းက သက်လျာက ညစာ အတူစားဖို့ ပြောထားသည့်အပြင် နေ့လယ်စာလည်း ဘာမှ စားမထားသူမို့ သက်လျာ ဗိုက်ထဲမှာ သေချာပေါက် ဘာအစာမှ ရှိမည် မဟုတ်။
ခန္ဓာကိုယ်က ပင်ပမ်းကြီးစွာ ခေါင်းကို ငိုက်လိုက်မှ ပေါလစ်ဆေးသုတ် ကျွန်းတံခါးက ခပ်ဟဟ ပွင့်လာတယ်။အဲ့ဒီနောက် အနီရောင် လုံချည်စအောက်က ခြေဖမိုး ၀င်း၀င်းကလေးပါ တစ်ပါတည်း ပေါ်ထွက်လာတယ်။
" ဗိုက်ဆာတယ် ညစာပြင်ပေး "
သက်လျာကို မော့ကြည့်ပြီး တိမ်ယော့်ခေါင်းက ဘယ်ခါတောင် ငြိမ့်လိုက်မိမှန်းမသိ။သက်လျာ လက်ကိုဆွဲပြီး အောက်ထပ်ကိုတောင် ပြေးဆင်းမိ၍ သက်လျာမှာ သတိထားပြီး ဆင်းရလေသည်။
အဖြစ်အပျက်ကို အစအဆုံး ငေးကြည့်နေသူ တစ်ဦးက သက်လျာတို့ မီးဖိုချောင်ထဲ ရောက်မှ တက်တစ်ချက် ခပ်ပြင်းပြင်း ခေါက်လိုက်လေသည်။ထို့နောက် နုနွယ်အခန်းဆီ ခြေသံပြင်းပြင်းဖြင့် လျှောက်သွားလေသည်။နုနွယ်အခန်းတံခါးက ဖွင့်ထားတာမို့ ချင်ချင်း၀င်သွားလို့ရရဲ့။
" နွယ် "
ခြေသံပြင်းရုံမက ဒေါသတကြီး အော်ခေါ်လိုက်သံကြောင့် စာတမ်းဖတ်နေတဲ့ နုနွယ်ကိုယ်လေး ဆတ်ခနဲ တုန်သွားရသည်အထိ။
" မမ .... ဘာလာလုပ်တာလဲ အလန့်တကြား "
စိမ်းသက် မျက်နှာက နုနွယ်ရှေ့ရောက်တော့ စောစောကလောက် သိပ်ပြီးမတင်းတော့။နှာကတော့ တမှုတ်မှုတ်နဲ့ တစ်စုံတစ်ခုကို မကျေနပ်တာ သိသာလှသည်။
YOU ARE READING
ပင်လယ်ပြာပြာ ရေပြာပြာ ဗေဒါဘာကြောင့် စိမ်းရတယ်
Fantasy" ပင်လယ်ထဲမှာ ဗေဒါ ရှိလို့လား သက်လျာ " " တို့ပင်လယ်မှာတော့ ရှိတယ် ယော် " &&&&&& " ဗေဒါက ဘာလို့ အစိမ်းရောင်လဲ " " ကောင်းကင်နဲ့ ပင်လယ်က ပြာနေလို့ပေါ့ ယော်ရယ် "