7

495 60 1
                                    


အခန်း ၇

တိမ်ယော့်ဘေးမှာ သက်လျာမရှိတော့တဲ့အချိန် အနားမှာ ပွတ်သီးပွတ်သပ်လုပ်သွားတဲ့ လေနုလေးတွေတောင် နူးညံ့သည် မထင်တော့။သူထိုင်ခဲ့တဲ့ နေရာလေးကို ခပ်ဖွဖွ ထိကြည့်မိတယ်။ခက်တယ် သက်လျာရယ်။ဘယ်လောက်ထိတောင် ရူးသွပ်နေမိလဲ မပြောတတ်တော့ပါဘူး။

ခြံထဲမှာ မနေချင်တော့တာမို့ အိမ်ထဲ၀င်လာခဲ့တယ်။ဘောလုံးပွဲတောင် ပထမပိုင်း ပြီးသွားပြီ ထင်တယ်။တိမ်ယော် အိမ်ထဲ ၀င်လာခိုက်ပဲ အန်တီနုနွယ်ကလည်း အပေါ်ထပ်မှ ဆင်းလာသည်။စောစောက ၀ရန်တာမှာ ဖုန်းပြောနေတာကို တိမ်ယော်တွေ့လိုက်ပါရဲ့။အန်တီနုနွယ်က တိမ်ယော့်ကို မြင်တော့ ပြုံးတုံ့တုံ့နဲ့  မျက်ခုံးတစ်ဖက်ပင့်ပြလေသည်။တိမ်ယော်လည်း ပြန်ပြီး နောက်ချင်တာမို့ ဘောင်းဘီအိတ်လျိုထားတဲ့ လက်တစ်ဖက်ကို ထုတ်ကာ အသည်းပေးလိုက်သည်။ဒါကို သဘောကျတော့ အန်တီနုနွယ်က ရယ်ပြုံး ပြုံးနေပါရဲ့။

" မမနုနွယ်ကို ကျွန်မ မေးချင်တာ ရှိတယ် "

" မေးလေ အေမီလေး "

" ကျွန်မတို့သူငယ်ချင်းကို ခုထိ အဖြေမပေးသေးဘူးလား "

" ဟမ် "

အေမီ့အမေးမှာ နှစ်ယောက်လုံး ကြောင်သွားရတယ်။အန်တီနုနွယ်ကတော့ အဆင်မပြေ ဖြစ်ပုံမရ။ဟန်ပိုကာပင် မူလိုက်သေးသည်။

" အေမီ ဘာတွေ ပေါက်ကရမေးနေတာလဲ "

" ဒါမှမဟုတ် နင်က ဖွင့်မပြောရသေးတာလား "

" ဟာ တော်တော့ "

တိမ်ယော်က အေမီ့ကို ငေါက်လိုက်ပေမဲ့ အန်တီနနုနွယ်က လက်ကို နောက်ပစ်ကာ အေမီ့အနား လျှောက်သွားတယ်။အေမီနဲ့ အန်တီနုနွယ်တို့ အချင်းချင်းစကားပြောနေတဲ့ အကြည့်တွေကို တိမ်ယော် ဘယ်လိုမှ ‌ဖတ်နိုင်စွမ်းမရှိ။

" အေမီတို့ သူငယ်ချင်းကတော့ ဘယ်တော့မှ ဖွင့်ပြောမယ်မထင်ဘူး မမနုနွယ်ဘက်ကရော "

" အဟင်း... တို့လား စဉ်းစားတုန်းလေ "

အန်တီနုနွယ်နဲ့ အေမီတို့တစ်အုပ်လုံး ရယ်သံတို့ ပွက်လောစီသွားကြသည်။တစ်စက်လေးမှ မရယ်နိုင်သူက တိမ်ယော်ပဲ။

ပင်လယ်ပြာပြာ ရေပြာပြာ ဗေဒါဘာကြောင့် စိမ်းရတယ်Where stories live. Discover now