အခန်း ၅
အေမီတို့နဲ့ အပြင်ကပြန်လာတော့ အိမ်ထဲမှာ ရယ်သံတွေကို ကြားရတယ်။တိတိကျကျ ပြောရရင် မေမေနဲ့ ကြီးကြီးစန်းရဲ့ ရယ်သံတွေ။ဘာအကြောင်း ပြောပြီများ ရယ်နေကြလဲလို့ တွေးလိုက်မိသေးတယ်။စက်ဘီးကို ဖေဖေ့ဆိုင်ကယ်နောက်မှာ ရက်ပြီး အိမ်ထဲ ခြေသံဖွဖွ ၀င်လာတယ်။ အိမ်ရှေ့ခန်းမှာ မေမေနဲ့ ကြီးကြီးစန်း တိုးတိုးတိတ်တိတ် တုပ်နေတဲ့အလစ် မမြင်အောင် ဖြတ်လျှောက်လာခဲ့တယ်။
" ပြန်လာပြီလား တိမ်ယော်လေး "
ကြီးကြီးစန်းရဲ့ အသံ။မကောင်းတတ်တာမို့ လက်ရှည်အင်္ကျီ ပခုံးပေါ်တင်ပြီး လှည့်ပြီး ပြုံးပြလိုက်ရတယ်။
" ဟုတ်ကဲ့ အိမ်လည်လာတာလား ကြီးကြီး "
" ကျုပ်က အိမ်ကို တကူးတကလာလည်ရမဲ့ ဧည့်သည်လား "
ပြုံးစစ စကားမှာ စိတ်ဆိုးခြင်းတွေ မပါ။
" လာပါဦး တော်ကလည်း "
အနားကို ပုတ်ကာ ခေါ်တာမို့ တိမ်ယော် သူ့ဆီ သွားလိုက်ရသည်။မေမေ့ကို ကြည့်တော့လည်း ပြုံးစစ။
" မေမေတို့ ဘာအကြောင်းတွေ ပြောနေတာလဲ စောစောက "
စကားမများတတ်တဲ့ တိမ်ယော်က စကားစလာပြီဆိုရင် ဒီစကားဝိုင်းမှ သူထွက်ချင်ရုံမှ အပ အခြားမရှိ။
" ဪ ညက ကြည့်တဲ့ ကောင်လေးနှစ်ယောက်ကား ပြန်ပြောပြနေတာ "
" ဪ ကိုရီးယားကားလား သရုပ်ဆောင်တွေက မေမေ့မင်းသားတွေလား "
မေမေက ကိုရီးယားကားဆို သူသိတဲ့ မင်းသားတွေပဲ ကြည့်နေကြပါ။ကြီးကြီးစန်းကလည်း အရွယ်သာ ရောက်လာတယ် series စောင့်ကြည့်တဲ့ ဝါသနာက ခုထက်ထိ မပျောက်သေး။ကြီးကြီးစန်းကို 1980 ခေတ်ကလူမို့ အထင်သေးလို့မရ။အန်ဂျလီနာဂျိုလီကို သူသိတယ်။လီယိုနာဒို ဒီကာပီအို ဆို သူ့အသည်းစွဲ။အလုပ်မရှိရင် ဟယ်ရီပေါ်တာ ဇာတ်ကားအကြောင်း ရပ်ကွက်ထဲ လိုက်ပြောတယ်။သူကလည်း သူ့ပရိတ်သတ်နဲ့သူ ။သူလာပြီဆို ရပ်ကွက်ထဲက ကလေးပေါက်စကမှအစ သူ့အနားထိုင်ပြီး ပြောသမျှ ငြိမ်နားထောင်နေတာ။အခုလည်း မေမေ့ဆီ လာပြီး သူကြည့်ခဲ့တဲ့ ဇာတ်ကားအကြောင်း လာပြောပြီထင်တယ်။မေမေကတော့ ကိုးရီယား ဝါဒီလို့ ပြောရတဲ့အထိ ကိုရီးယား မဟုတ်ရင် ဘယ်ကားမှ မကြည့်။ကြီးကြီး ပြောတာလည်း နားထောင်မည် မဟုတ်။
YOU ARE READING
ပင်လယ်ပြာပြာ ရေပြာပြာ ဗေဒါဘာကြောင့် စိမ်းရတယ်
Fantasy" ပင်လယ်ထဲမှာ ဗေဒါ ရှိလို့လား သက်လျာ " " တို့ပင်လယ်မှာတော့ ရှိတယ် ယော် " &&&&&& " ဗေဒါက ဘာလို့ အစိမ်းရောင်လဲ " " ကောင်းကင်နဲ့ ပင်လယ်က ပြာနေလို့ပေါ့ ယော်ရယ် "