10

468 63 4
                                    

အခန်း ၁၀

ပျော်ရွှင်မှုဆိုတာ
အဝါရောင် တိမ်တိုက်တွေထဲမှာလည်း မရှိဘူး။
နေကြာတွေဆီမှာလည်း မရှိဘူး။
ဒါဆို ဘယ်သွားလို့ ရှာကြည့်ရမလဲ....
အို ဟုတ်တာပေါ့ ....အကို့မျက်၀န်းတွေဆီမှာတော့
ရှိနေနိုင်တာပေါ့....။

      Jinnie  Grace { Tell me more }

အဝါရောင် နေကြာခင်းတွေဟာ မျက်စိတစ်ဆုံး။ရှေ့ကို ဆက်လျှောက်လာလေ နေကြာပင်လယ်ထဲကို တိမ်ယော် ရောက်လာလေ။ကောင်းကင်ပြာ.... အဝါရောင် ပင်လယ်.... တိမ်ဖြူဆုပ်.... ။ဘ၀ဟာ ရှင်သန်လို့ ‌သိပ်ကောင်းတယ်။သဘာ၀ အလှတရားတွေကြား မရှုနိုင် မကယ်နိုင်ဖြစ်တိုင်း သက်လျာကို တမ်းတတယ်။ငယ်ငယ်က ဆော့မကစားခဲ့ဖူးတဲ့ ဟောဒီနေကြာတွေကြား သက်လျာရဲ့ လက်ကလေး တစ်စုံကိုတော့ မလွှတ်တမ်းဆုပ်ပြီး မိုးကုပ်စက်ဝိုင်းအဆုံးထိ လျှောက်ချင်မိသား။အင်း အဲ့လိုလေးတော့ တစ်ဖက်သတ် လောဘ တက်မိတယ်။ဗီဇပိုးကြောင့်လည်း ‌ဘောင်းဘီအိတ်ထဲ ပါလာတဲ့ ဖုန်းကို ထုတ်ကာ အဝါရောင် ပင်လယ်ကို အတတ်နိုင်ဆုံး ကြိုးစားကာ မှတ်တမ်းတင်လိုက်တယ်။ဒီပုံလေးတွေ သက်လျာဆီ ပို့ချင်တယ်လေ။

တဖြည်းဖြည်းနဲ့ နေကြာခင်းရဲ့ အလယ်ကို ရောက်မှန်းမသိ ရောက်လာတယ်။ဖုန်းထဲမှာလည်း ပုံတွေ အတော်ပြည့်လာတယ်။နေကြာကြောင်းတွေရဲ့ ကြားမှာ လျှောက်လမ်းရှိပြီး နေကြာပင်တွေက လူတစ်ရပ်ကျော်ထိ မြင့်တာပဲ။ဒီနေကြာခင်းက ဘယ်လောက်ထိ ကျယ်လဲ တိမ်ယော် မမှန်းဆတတ်တော့။

ခပ်ရွေ့ရွေ့ လျှောက်လာတဲ့ ခြေလှမ်းတွေနဲ့အတူ လေနုအေးကလည်း ဘယ်ကရောက်လာမှန်းမသိ။တစ်နေရာတော့ တိမ်ယော့် ခြေလှမ်းတွေ စိတ်ချလက်ချ ရပ်သွားနိုင်ပြီ။

နေကြာတွေရဲ့ အလယ်မှာ မြေကွက်လပ် ကျယ်လေးရှိပြီး အဝါနုရောင် အုတ်ဂူလေးမှာလည်း ဆေးသားတို့ သစ်လွင်လျက်။ပြီးတော့ နေကြာပန်းတစ်စီးလည်း ရှိနေတယ်။

အုတ်ဂူလေးမှာ က
တိမ်ရောင်စဉ် [ 1991-2012] ဆိုတဲ့ စာ‌တမ်းနဲ့အတူ အမျိုးသားငယ်လေးတစ်ယောက်ရဲ့ ပြုံးတော့မယောင် ဓာတ်ပုံလေး ရှိနေခဲ့တယ်။အုတ်ဂူလေးဘေးမှာတော့ မိန်းမတစ်ယောက်  နှင်းဆီစည်းကို ကိုင်ထားလျက် မလှုပ်မယှက် ရပ်နေလေသည်။

ပင်လယ်ပြာပြာ ရေပြာပြာ ဗေဒါဘာကြောင့် စိမ်းရတယ်Where stories live. Discover now