19(Unicode)

30 1 0
                                    

''အငြိုးကြီးဝိဥာဥ်တွေကဘာနဲ့တူနိုင်မလဲ......''

''တွေ့တဲ့အခါကျသိရမှာပေါ့......''

ဝိဥာဥ်သစ်တောထဲကိုဝင်လာချိန်မှစ၍ သူတို့နှစ်ယောက်သတိကြီးကြီးထားနေရသည်။ ဒါသူတိ​ု့အတွက်ပထမဆုံးအကြိမ်ပင်။

''တခြားပြိုင်ပွဲဝင်တွေနဲ့ပူးပေါင်းလို့ရတယ်မဟုတ်လား......''

''ဟုတ်တယ်.......''

''​ဒါဆိုဘာလို့မပူးပေါင်းတာလဲ......''

''ရှုပ်လို့''

''ဘာလို့ရှုပ်.....''

''အားးးးးး ညီငယ်လေး.....ပျော်ပွဲစားထွက်နေတာမဟုတ်ဘူးလေ......ဘာလို့အဲ့လောက်မေးခွန်းများနေရတာလဲ..........''

တကယ့်ကိုမင်းသား၃စိတ်မရှည်နိုင်တော့ပါ။

''အကိုတော်၃ကလည်း.......ဘာမှတောင်မမေးရသေးတာကို......''

ထို့နောက်တွင်တော့ပတ်ဝန်းကျင်ကိုသာအာရုံစ်ုက်မိလိုက်ပါသည်။

သန်မာသောပင်စည်နှင့်သစ်ပင်များပတ်လည်ပေါက်ရောက်နေသည့်အပြင် မြူခိုးအနည်းငယ်ရစ်ဆိုင်းနေလေသည်။ သာမန်သစ်တောကဲ့သို့ ငှက်များ၏တကျီကျီမြည်ကျွေးသည့်အသံကိုမကြားရချေ။ ထူးဆန်းစွာပင်။ ကိုယ်တိုင်၏ခြေသံမှလွဲ၍ လေတိုးသံဖျော့ဖျော့သာကြားရချေသည်။

ခပ်ဝေးဝေးမှတရှပ်ရှပ်အသံများက စောင့်ကြပ်သူများဖြစ်နိုင်ချေရှိသည်။ အရာရာက ငြိမ်သက်လျက်။ ခြောက်ခြားဖွယ်ရာ ကောင်းလျက်။

''အကိုတော်၃......''

''ပြော.....''

''အငြိုးကြီးဝိဥာဥ်တွေက.......ရုပ်ဆိုးလား.....''

ထိုမေးခွန်းအားကြားသည့်အခါ မင်းသား၃က လှည့်ကြည့်လာလေသည်။

''ကြောက်နေတာလား......ကြောက်ရင်ပြန်လေ.....မှော်ပစ္စည်းတွေပါတာဘဲ.....''

''မပြန်ဘူး......ပြန်လိုက်ရင် ဆိုင်းရက်စ်စိတ်ပျက်သွားလိမ့်မယ်......''

မင်းသား၃ သက်ပြင်းသာချလိုက်မိသည်။ ထိုနောက်တွင်တော့ တောအုပ်ထဲသို့ဆက်လက်၍ လှမ်းနေခဲ့လေသည်။

The Secret Of Red Rose (Complete)Where stories live. Discover now