Chapter 3

76 21 5
                                    

ထုံထုံက သူ့ သူငယ်ချင်းတွေဆီက ရှောင်ပြေးလာတာကြောင့် သူ့အဖေရဲ့ လူနာဆောင်ကိုလည်း ပြန်ချင်စိတ်မရှိတော့ဘူး။

သူက ဆေးရုံကနေ တန်းထွက်လာလိုက်ပြီး သူ့အဖေကို အိမ်ပြန်ပြီဆိုတဲ့အကြောင်း စာပဲလှမ်းပို့လိုက်တယ်။

အခုက စောသေးတယ်ပြောလို့ရမယ်၊ နေ့လယ်တနာရီ၀န်းကျင်ပဲရှိသေးတာမို့ နေရောင်ကလည်း တောက်ပနေတယ်။ ကော်ရစ်ဒါက မှောင်နေပေမဲ့ ဖုန်တွေတက်နေတဲ့ ပြတင်းမှုန်မှုန်ကို ဖြတ်ပြီး နေရောင်က ကျိုးတို့ကျဲတဲကျနေတယ်၊ လေထုကလည်း ဖုန်နံ့လေးတွေသင်းလို့...

ထုံထုံက စိတ်ပျက်တဲ့အကြည့်နဲ့ တချက်ကြည့်လိုက်ပြီး နှာခေါင်းကိုပိတ်လိုက်တယ်၊ သူက ငှက်ပျောခွံတွေနဲ့ မီးဖိုချောင်အမှိုက်တွေ ဟိုတစဒီတစ ပြန့်နေတာကို ရှောင်သွားပြီး ငါးလွှာကိုတက်လိုက်တယ်။

သော့ထုတ်၊ တံခါးဖွင့်၊ အိမ်ဖိနပ်စီး၊ အိမ်ထဲ၀င်၊ တံခါးပြန် ဆောင့်ပိတ်...

ဒါတွေလုပ်သွားတာ မိနစ်၀က်တောင်မကြာလိုက်ဘဲ ထုံထုံက အထဲကနေ တံခါးဘောင်ကို တောင့်တောင့်ကြီး ကျောမှီချလိုက်တယ်။

နောက် မိနစ်၀က်...

ထုံထုံက အောင့်မထားနိုင်တော့ဘဲ သက်ပြင်းအရှည်ကြီး ချလိုက်တယ်။

သူတို့မိသားစု ဒီကိုပြောင်းလာကြတာ လ၀က်လောက်ရှိပြီဆိုပေမဲ့ သူခုထိကို နေသားမကျသေးဘူး။

ကောရစ်ဒါလမ်းက ကျဉ်းကျဉ်း၊ အနံ့အသက်တွေကလည်း မကောင်းနဲ့...

ဒါတွေအားလုံးက သူ့အရင်အိမ်ကို ပြန်သတိရသွားစေတယ်၊ သူတို့ခြံ၀န်းကျယ်ကြီးရဲ့ လေထုကလတ်ဆတ်နေပြီး သူတို့ဘေးအိမ်က မွေးထားတဲ့ Great Dane မျိုးစိတ်ခွေးက အား‌နေ သေးလာပန်း‌နေတာတောင် အနံ့က ကောင်းနေတုန်းပဲ။

ထုံထုံက နာရီပေါ်က မိနစ်လက်တံတွေကို ရေတွက်နေလိုက်ရင်း ခဏလောက် အရင်အချိန်တွေကို ပြန်တွေးမိသွားတယ်၊ ပြီးတော့ သူက လက်နှီးစုတ်တထည်ယူလိုက်ပြီး ကြမ်းတိုက်တယ်၊ အိုးတိုက်.. ပန်းကန်ဆေးတယ်၊ ဒါတွေအားလုံးလုပ်ပြီးရော သူက သူ့အခန်းထဲသူ ပြန်သွားပြီး စာရွက်ထုတ်လိုက်တယ်။

ထိုင်ခုံဖော်ရေ.. ကျေးဇူးပြုပြီး နိုးထပါတော့!Where stories live. Discover now