Chapter 1

342 48 17
                                    

ဩဂတ်စ်လရဲ့ အဆုံးမှာ ရာသီဥတုက ပူလောင်အိုက်စပ်နေဆဲပဲ...

အခန်းလေးက အတော်ကျဉ်းပြီး လေထုက မွန်းကြပ်စရာကောင်းနေတယ်၊ စားပွဲခုံပေါ် စာရွက်တရွက်နဲ့ အလုပ်ရှုပ်နေတဲ့ ထုံထုံက ပြတင်းတံခါးဘက် လည်ဆန့်လိုက်ရင်း တချက်တချက်တိုက်ခတ်လာတဲ့ လေပြည်အေးအေးလေးကို လေညင်းခံလိုက်တယ်...

လေအေးက မျက်စိတမှိတ်အတွင်းမှာပဲ ဖျတ်ခနဲတိုက်သွားတာကြောင့် သူ့ခေါင်းကိုနောက်ပြန်ဆုတ်လိုက်တယ်... ပြီးရင် လေပူတွေတိုက်တော့မှာလေ...

သူက ပြတင်းပေါက်အပြင်ဘက်မှာရှိတဲ့ သစ်ပင်ကြီးပေါ်က သစ်ရွက်စိမ်းလေးတွေကို ကြည့်နေရင်း တ၀က်လောက်ရေးပြီးပြီဖြစ်တဲ့ စာရွက်ပေါ် အကြည့်ပြန်လွှဲလိုက်တယ်။

သူက သူ့မျက်လုံးတွေကိုပွတ်လိုက်ပြီး သက်ပြင်းရှိုက်လိုက်ရင်း စာဆက်ရေးဖို့ ခေါင်းငုံ့လိုက်တယ်။

"ထုံထုံ!" ဖေယွင်ရဲ့အသံက အပြင်ဘက်ကထွက်လာတယ်။

"အာ" ထုံထုံကလန့်သွားပြီး လက်ချော်သွားတာမို့ စာရွက်ပေါ် အစင်းကြောင်းကြီး ဆွဲမိသွားတယ်...

"အို့..." ဖေယွင်က တံခါးတွန်းဖွင့်၀င်လာတယ်၊ သူ(မ)က မျက်မှောင်ကြုတ်လိုက်ပြီး ထုံထုံ့ခေါင်းကို လက်တဖက်နဲ့ ဖွဖွလေးကိုင်လိုက်တယ် "ကလေးရဲ့... မပူဘူးလား? ဘာလို့ air con မဖွင့်ရတာလဲ"

"စစ်သည်တယောက်ရဲ့ ကြံ့ခိုင်မှုမျိုးရှိဖို့ အမြဲပြင်ဆင်ထားသင့်တယ်" ထုံထုံက အတည်ပြောလာတယ်...

"အဲ့လိုကြီး မပြောပါနဲ့... ဘယ်သူက သားကို ခြောက်နေလို့လဲ" ဖေယွင်က ခါးကိုင်းလိုက်ပြီး ထုံထုံ့ပါးကို လာဆွဲတယ် "ဒီမားက air con ခ,လေးတော့ တတ်နိုင်ပါသေးတယ်နော်"

"မား ပီယာနိုသင်တန်း မသွားဘူးလား" ထုံထုံက မတ်တပ်ရပ်လိုက်ပြီး စကားလွှဲလိုက်တယ်...

"မားတို့မှာ အရမ်းကြိုးစားလို့ ညနေနောက်ကျမှ အိမ်ပြန်လာတတ်တဲ့ ကျောင်းသားလေးတယောက်ရှိတယ်လေ၊ အစားအသောက်တွေက ရေခဲသေတ္တာထဲမှာ အဆင်သင့်ပဲ၊ နွှေးပြီးစားနော်.. ဒီတိုင်းကြီး အအေးစာတွေ မစားနဲ့..." ဖေယွင်ကသူ့ထက်မြင့်နေတဲ့ ထုံထုံ့ခေါင်းကို ထပ်ကိုင်ဖို့ ခြေဖျားထောက်လိုက်တယ် "သားက တော်တော်အရပ်ရှည်တာပဲ.. ဒီကလေး၊ မင်း ထပ်ပြီးအရပ်ရှည်မလာနဲ့တော့"

ထိုင်ခုံဖော်ရေ.. ကျေးဇူးပြုပြီး နိုးထပါတော့!Where stories live. Discover now